K pop

■ iTunes သမိုင်းမှာ #1 အများဆုံးရတဲ့ EP ဖြစ်တဲ့ Kai ရဲ့ “KAI”

—- EXO အဖွဲ့ဝင် Kai ရဲ့ ပထမဆုံး Mini Album ဖြစ်တဲ့ “KAI” ဟာ Worldwide Album iTunes chart သမိုင်းမှာ 73 နိုင်ငံ #1 အများဆုံးရတဲ့ EP တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Kai ရဲ့ တစ်ကိုယ်တော် Solo Debut Mini Alubm/EP ဟာ မကြာသေးခင်က ဥဇဘကစ္စတန်နိုင်ငံရဲ့ Worldwide Album iTunes chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီးနောက် နိုင်ငံ 73 နိုင်ငံရဲ့ #1 အများ ဆုံးရတဲ့ EPတစ်ခုဖြစ်လာခဲ့တာပါ။

ဒါ့အပြင် Kai ဟာ Album တစ်ခုတည်းနဲ့ SM Artist တွေအနက် နိုင်ငံ 73 နိုင်ငံရဲ့ Worldwide Album iTunes chart မှာ #1 အများဆုံးရတဲ့ ပထဆုံး Artist ၊ iTunes Chart မှာ #1 အများဆုံးရတဲ့ Artist အဖြစ်လည်း သူ့ရဲ့စံချိန်တွေကို ထပ်တိုးစိုက်ထူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Solo Mini Album နဲ့ iTunes album chart သမိုင်းမှာ #1 အများဆုံးရတဲ့ ထိပ်ဆုံး 4 နေရာ စလုံးမှာ EXO အဖွဲ့ဝင် (၄)ဦးစလုံးက ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။

#1 KAI (KAI) 73
#2 Baekhyun (Delight) 70
#3 Baekhyun (City Lights) 68
#4 Suho (Self Portrait) 53

-m2t
Ref: Allkpop

You cannot copy content of this page