—- Girl’s Day အဖွဲ့ဝင် Hyeri နဲ့ BLACKPINK အဖွဲ့ဝင် Rosé တို့ရဲ့ ခင်မင်ရင်နှီးမှုကို ပရိသတ်တွေ သိကြပါတယ်။
သူတို့နှစ်ဦးဟာ လူမှုကွန်ရက်မှာရော တီဗီဖန်သားပြင်မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြသထားကြတာဖြစ်ပြီး မကြာသေးခင်ကလည်း Rosé ဟာ My Little Old Boy အစီအစဉ် မှာပါဝင်ရင်း Hyeri အကြောင်းကို ပြောခဲ့ပြန်ပါတယ်။
သူတို့အကြောင်းကို သိနေတဲ့ Cast တွေက Rosé ကို BLACKPINK အဖွဲ့ဝင်ပြီးရင် Hyeri က မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းမှတ်လားဆိုပြီး Mention ပေးခဲ့ပါတယ်။ Rosé ကလည်း Hyeri နဲ့ စတင်ခင်ခဲ့ပုံနဲ့ သူတို့ရဲ့ ရင်းနှီးမှုအကြောင်းကို ပြောခဲ့ပါတယ်။
Rosé က Hyeri နဲ့ ဆက်ဆံပေါင်းသင်းရတာ အလွန်အဆင်ပြေကြောင်းနဲ့ စတွေ့ကတည်းက Hyeri ဟာ အစ်မတစ်ယောက်လို သူမအပေါ် အလွန်ဂရုစိုက်ပေးကြောင်း ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အချိန်ကြာလာတော့ တစ်ယောက်အကြောင်း သိကြကာ ပိုပြီး ရင်းနှီးလာခဲ့ပါတယ်လို့လည်း ဆိုခဲ့ပါ တယ်။ နောက်ပြီး Hyeri ဟာ သူမတွေးထားတာထက် ပိုပြီး စမတ်ကျတဲ့ လူတစ်ဦးဖြစ်ကြောင်းလည်း Rosé က ဖောက်သည်ချခဲ့ပါတယ်။
-m2t
Ref: Koreaboo