K pop

■ ‘Gangnam Style’ သီချင်းနဲ့ ပတ်သက်တဲ့ အံ့အားသင့်ဖွယ်အကြောင်းတစ်ခုကို Psy ထုတ်ဖော်

– — Psy ဟာ နာမည်ကျော် Gangnam Style သီချင်းနဲ့ပတ်သက်လို့ ဝန်ထမ်းတစ်ဦးနဲ့ အငြင်းအခုန်……

မတ်လ အတွင်းထုတ်လွှင့်ခဲ့တဲ့ SBS’ ‘Archive K Legendary ရဲ့ အပိုင်းတစ်ပိုင်းမှာတော့ Psy ဟာ Gangnam Style သီချင်း နောက်ကွယ်က အကြောင်းအရာနဲ့ ပတ်သက်လို့ ထုတ်ဖော်ခဲ့ပါတယ်။

Gangnam Style ဆိုတာ Psy ကို ကမ္ဘာကျော်စေခဲ့တဲ့ နာမည်ကျော်သီချင်းဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ကာ အောင်မြင်ခဲ့တာပါ။ တကယ်တော့ မူလမှာ Psy ဟာ Gangnam Style သီချင်းကို You Tube ပေါ်တင်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။

ဝန်ထမ်းတစ်ဦးက Gangnam Style သီချင်းကို You Tube ပေါ်တင်လိုက်ရမလားလို့ မေးမြန်းခဲ့ရာမှာတော့ Psy ကBIGBANG နဲ့ 2NE1 သီချင်းတွေကိုသာတင်ဖို့ ပြန်ပြောခဲ့ပါတယ်။

“ဝန်ထမ်းတစ်ဦးက ဒီသီချင်းကို You Tube ပေါ်တင်လိုက်ရမလားလို့ မေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က BIGBANG နဲ့ 2NE1 သီချင်းတွေကိုသာ တင်ဖို့ပြောခဲ့ပါတယ်။ ကိုရီးယားပြင်ပမှာ ကျွန်တော်ကို သိတဲ့သူမရှိလု့ိလေ”လို့ Psy ကထုတ်ဖော်ခဲ့ပါတယ်။

အဲဒီနောက် ဝန်ထမ်းက Gangnam Style သီချင်းကို You Tube ပေါ်တင်လိုက်တဲ့အခါ အငြင်းအခုန်ဖြစ်ခဲ့ရသေးတယ်လို့လည်း Psy က ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ Psy တစ်ယောက် ကံကောင်းခဲ့ပြီး အဲဒီသီချင်းက သူ့ကို ကမ္ဘာတစ်ဝှမ်းလူသိများစေခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page