K pop

■ ရာသီဥတု ဆိုးရွားနေပေမဲ့ ဟန်မပျက်ဘဲ အကောင်းဆုံး ဖျော်ဖြေခဲ့ကြတဲ့ K-pop အဖွဲ့ (၇) ဖွဲ့

– – -ရာသီဥတု အခြေအနေက တော်တော်လေး ဆိုးရွားနေပေမဲ့ အကောင်းဆုံးပေးဆပ်ခဲ့ကြတဲ့ အာဂအဖွဲ့တွေလို့ ဆိုရမှာပါ။

Girl’s Day

Music Core ရဲ့ အပိုင်းတစ်ပိုင်းမှာ Girl’ Day ဟာ သူတို့ရဲ့ နာမည်ကျော်သီချင်း Darling ကို ဖျော်ဖြေနေစဉ် မိုးရွာလာခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေဟာ အပြုံးမပျက်ဘဲ ပြီးဆုံးတဲ့အချိန်အထိ ချောချောမွေ့မွေ့ ဖျော်ဖြေခဲ့ကြပါတယ်။

GFriend

၂၀၁၅ ခုနှစ်အတွင်းမှာ GFriend ဟာ SBS က ကျင်းပတဲ့ Concert ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ မိုးရွားသွန်းထားပြီး အဖွဲ့ဝင်တွေကလည်း ခဏခဏ ချော်လဲနေခဲ့ပါတယ်။ Yuju ဆိုရင် (၈) ကြိမ်အထိ ချော်ကျခဲ့ရပါတယ်။ ဒါပေမဲ့ GFriend ဟာ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေခဲ့ပါတယ်။

BTS

2016 Gayo Daejun မှာ BTS အဖွဲ့ ပါဝင်ဖျော်ဖြေတော့ ရာသီဥတုက တော်တော်လေး အေးနေခဲ့တာပါ။ ဒါပေမဲ့ BTS ဟာ Suit တွေဝတ်ဆင်ထားပြီး ဆိုးရွားလှတဲ့ ရာသီဥတုဒဏ်ကို အန်တုပြီး ဖျော်ဖြေခဲ့ပါတယ်။

Red Velvet

2016 MBC Gayo Daejun မှာ Red Velvet ဟာ 32°F နဲ့ 25°F ကြားမှာ ဖျော်ဖြေခဲ့ရပါတယ်။ ဒီလောက် အေးချမ်းလှတဲ့ ရာသီဥတုအခြေအနေမှာ Red Velvet အဖွဲ့ဝင်တွေဟာ စကတ်တိုတိုလေးတွေသာ ဝတ်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ Red Velvet ဟာ အကောင်းဆုံး ပေးဆပ်ခဲ့ကြပါတယ်။

TWICE

Cultwo Show (၁၀) နှစ်ပြည့် အခမ်းအနားမှာ TWICE အဖွဲ့ ဖျော်ဖြေတော့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတုက ဆိုးရွားနေခဲ့တာပါ။ TWICE ဟာ ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပြီး ချီးကျူးမှုလည်း ခံခဲ့ရပါတယ်။

Crush

Crush ကလည်း မိုးရွာပြီး ဆိုးရွားတဲ့ ရာသီဥတုအောက်မှာပဲ အကောင်းဆုံး ဖျော်ဖြေခဲ့ပါတယ်။

2018 Dream Concert

2018 Dream Concert မှာ မိုးရွာနေတဲ့ကြားကနေပဲ SHINee’s Taemin, Red Velvet, SEVENTEEN, B.A.P, NCT, Lovelyz, The Boyz, GFriend, MAMAMOO, ASTRO, DIA, UNB, UNI.T, MXM, TRCNG, Golden Child,

Wheesung, Younha နဲ့ B.A.P တို့ဟာ အကောင်းဆုံး ဖျော်ဖြေခဲ့ကြပါတယ်။ မိုးရွာလို့ အဖွဲ့ဝင်တွေ စင်ပေါ်မှာ ခဏခဏ ချော်ခဲ့တာကို တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page