K pop

■ အချိန်တိုလေးအတွင်း TWICE ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး အံ့အားသင့်ဖွယ် ကျော်ကြားလာတဲ့ Brave Girl

— မတ်လ 22 ရက်နေ့က Brave Girl အဖွဲ့ဟာ သမိုင်းမှာ ‘Perfect All-Kills’ (PAK) အများဆုံးရတဲ့ အမျိုးသမီးအဖွဲ့ဖြစ် စံချိန်တင်ခဲ့…

K-pop သမိုင်းမှာ မဖြစ်ဘူး ထူးကဲလှတဲ့အဖွဲ့တစ်ဖွဲ့လို့ဆိုရမှာပါ။ Debut လုပ်ပြီးတာ 10 နှစ်ကျော်ပြီ ဖြစ်သလို လွန်ခဲ့တဲ့ 4 နှစ်က သီချင်းနဲ့ ထပေါက်ကာ စံချိန်တွေတင်ခဲ့သလို ပရိသတ်တွေလည်း များ ပြားလာတာဖြစ်ပါတယ်။

အရင်က TWICE အဖွဲ့ဟာ 197 Perfect All-Kill Hours နဲ့ စံချိန်တင်ထားတာဖြစ်သလို Brave Girl အဖွဲ့က 198 Perfect All-Kill Hours နဲ့ စံချိန်သစ်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ TWICE အဖွဲ့ဟာ ကွဲ ပြားတဲ့ သီချင်း 4ပုဒ်နဲ့ စံချိန်တင်ထားတာဖြစ်ပေမယ့် Brave Girl အဖွဲ့ကတော့ 2017 ခုနှစ်ထုတ် သီ ချင်း “Rollin” တစ်ပုဒ်နဲ့သာ စံချိန်တင်ခဲ့တာပါ။

အရင်က ပရိသတ်အင်အားမရှိဘဲ ကျော်ကြားမှုသိပ်မရှိတဲ့ Brave Girl ရဲ့ ကံကြမ္မာဟာ 10 နှစ်ကြာပြီး မှ ပေါက်ဖွားလာတာလို့ ဆိုရမှာဖြစ်ပြီး သူတို့ရဲ့ သီချင်း “Rollin” ကို YouTube Video တစ်ခုမှာ တွေ့ မြင်ရာကနေ ပရိသတ်တွေအကြား ချက်ချင်း ထပေါက်သွားခဲ့တာပါ။

လက်ရှိအချိန်မှာ Brave Girl အဖွဲ့ဟာ 10 ကြာပြီး ပထမဆုံး Music Show Win တွေရရှိခဲ့သလို စံချိန် အသစ်တွေကိုလည်း စိုက်ထူနေခဲ့ပါတယ်။ ဒါ့အပြင် အံ့အားသင့်ဖွယ် ထပေါက်ခဲ့တဲ့ “Rollin” သီချင်းနဲ့ အတူ Brave Girl အဖွဲ့ဝင်တွေကလည်း Music Program နဲ့ Music Show Award တွေမှာ ဆက် တိုက်ပါဝင်နေကာ အလုပ်တွေလည်း ရှုပ်နေခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page