ဒီ Male Cele (၅)ဦးဟာ ရုပ်လည်းချောတဲ့ Cele တွေဖြစ်သလို လက်ရေးလက်သားလည်း အလွန်လှပ တဲ့ Cele တွေဖြစ်ပါတယ်လို့ Kstarlive က ဖော်ပြခဲ့ပါတယ်။
များသောအားဖြင့် ယောကျာ်းလေးတွေဟာ လက်ရေးကို သိပ်ဂရုစိုက်ကြဘဲ မိန်းကလေးတွေလောက် လက်ရေးမလှကြပါဘူး။ ဒီ Male Cele (၅)ဦးကတော့ Visual ဖြစ်တဲ့ ရုပ်ရည်နဲ့အပြိုင် လက်ရေးက လည်း လှပတာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့ကို ပိုမိုချစ်စေမယ့် အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလည်း ကြည့်လိုက်ကြရအောင်ပါ။
ASTRO’s Cha Eunwoo
Cha Eunwoo ဟာ Visual K-pop Idol လည်းဖြစ်သလို အောင်မြင်နေတဲ့မင်းသားတစ်လတ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရေးလက်သားဟာလည်း ချောမောတဲ့မျက်နှာနဲ့အပြိုင်လှပနေတာပါ။
BTS’ Jimin
Jimin ရဲ့ထူးချွန်မှုတွေကတော့ အက၊ အဆိုနဲ့တောင်မဟုတ်ပါဘူး။ လက်ရေးနဲ့ပါ ပရိသတ်တွေကို ကြွေစေတာဖြစ်ပါတယ်။
EXO’s Xiumin
စစ်မှုတာဝန်ထမ်းဆောင်နေတဲ့ Xiumin ရဲ့ လက်ရေးကလည်း အလွန်လှပပါတယ်။ ရုပ်လှတဲ့သူတွေ လက်ရေးပါလှကြတာလားမသိပါဘူး။
Ji Changwook
ဆွဲဆောင်မှုအပြည့်ရှိပြီး ချောမောတဲ့ မင်းသား Ji Changwook ရဲ့ လက်ရေးဟာလည်း ပရိသတ်တွေ စွဲမက်ဖွယ်ရာတစ်ခုဖြစ်မှာပါ။
Park Bogum
Park Bogum ဟာ ငယ်စဉ်က ခက်ခဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဘက်စုံထူးချွန်တဲ့သူဖြစ်ပြီး လက်ရေးလက်သားလည်းလှပတာကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။
Ref & Photos: Kstarlive