K-pop Idol ဖြစ်ရတာ လွယ်သလား၊ ခက်သလား…မလွယ်တာတော့ သေချာပါတယ်။ ကြိုးစားမှုတွေ၊ မဆုတ်မနစ်သော ဇွဲလုံ့လတွေ ထည့်ပြီး ကျောက်ခင်းလမ်းပေါ် လျှောက်လှမ်းခဲ့ရတာ Idol တွေပါ။ ဒီလို အနာခံပြီး အသာစံခဲ့ရတဲ့ K-pop Idol တွေဟာ တစ်ခါတစ်လေ သူတို့ကြုံတွေခဲ့ရတဲ့ ဘဝပေး သင်ခန်းစာယုံကြည်ချက်တွေကို ပရိသတ်တွေထံ အကြံပေးလေ့ရှိကြပါတယ်။ တကယ်လည်း ယူ တတ်ရင် အားအင်ဖြစ်စေတဲ့ စကားလုံးတွေဖြစ်ပါတယ်။
BTS အဖွဲ့ဝင် J-Hope ဟာ တစ်ခါတုန်းက ပရိသတ်တစ်ဦးကို ဒီလို အကြံပေးခဲ့ဖူးပါတယ်။
“ မင်း စိတ်ထဲစွဲပြီး လုပ်နေတဲ့ လမ်းတစ်ခုဟာ ဘယ်တော့မှ ပရမ်းပတာမဖြစ်ပါဘူး။ ကိုယ့်အတွေးကို ယုံကြည်ပြီး လိုချင်တဲ့ဟာလုပ်ပါ။ ပြီးနောက် မင်း လိုချင်တဲ့ပျော်ရွှင်တဲ့ဘဝမျိုးကို ရရှိမှာသေချာပါ တယ်”
-J Hope
Hobi: "The path you have in mind is not reckless, everyone. Trust your thought and do what you want. Then, you'll have a life you can enjoy and have fun."
And you know Hobi set a great example of a person who follows his heart. pic.twitter.com/ujVfcWopmG
— jayvee (@Jhope_Vibes) January 29, 2020
J-Hope ဟာ အထက်ပါစကားကို Live Broadcast လွှင့်နေစဉ် ပြောခဲ့တာဖြစ်ပြီး ARMY တစ်ဦးက သူတို့ရဲ့ အိပ်မက်တွေနဲ့ပတ်သက်ပြီး အကြံတစ်ခုပေးပါလို့ J-Hope ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
J-Hope က ကိုယ်လိုချင်တဲ့ အိပ်မက်ဟာ တစ်ခါတစ်ရံ ကြီးချင်ကြီးနေမယ်။ ဒါပေမဲ့ ထင်ထားသလို မရနိုင်တဲ့ အိပ်မက်မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒီလို အိပ်မက်နောက်ကို လိုက်ဖို့အတွက်ကတော့ ကြောက်ရွှံ့ခြင်းကင်းရမယ်။ အူထဲကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမယ်။ လိုချင်တဲ့ရည်မှန်းချက်ကို ကြိုးစားမှုနဲ့ အရောင်တင်မယ်ဆိုရင်တော့ သေချာတယ်။ လိုချင်တဲ့ဘဝတစ်ခုဟာ အချိန်အတိုင်းအ တာတစ်ခုကျရင် ရောက်ရှိလာမှာဖြစ်ပါတယ်။
-m2t
Ref: Koreaboo