K pop

■ Billboard Charts နှစ်ခုမှာ နံပါတ် (၁) ရတဲ့ ပထမဆုံး K-Pop Soloist အဖြစ် Rosé မှတ်တမ်းဝင်

— – – “On The Ground“နဲ့ စံချိန်သစ်များစွာ ရေးထိုးနေတဲ့ Rosé အတွက် နောက်ထပ် …

BLACKPINK အဖွဲ့ဝင် Rosé ဟာ သူမရဲ့ Solo ပွဲထွက်သီချင်း On The Ground နဲ့ စံချိန်သစ်များစွာကို ရေးထိုးခဲ့သလို၊ ဆက်လက်ပြီးလည်း စံချိန်သစ်တွေ ဆက်လက်ရေးထိုးနေဆဲဖြစ်ပါတယ်။

Rosé ရဲ့ On The Ground ဟာ ဒီတစ်ပတ်အတွက် ထုတ်ပြန်တဲ့ Billboard’s Global 200 နဲ့ Billboard’s Global Excl. U.S. Charts တွေမှာ နံပါတ် (၁)နေရာမှ ရပ်တည်နိုင်ခဲ့တာပါ။

ဒါဟာ K-Pop Soloist တွေထဲမှာ ပထမဆုံးဖြစ်သလို၊ BLACKPINK အဖွဲ့ဟာ ၂၀၂၀ အောက်တိုဘာက Global Excl. U.S. chart မှာ Lovesick Girls သီချင်းနဲ့ နံပါတ် (၁)နေရာမှာ ရပ်တည်ဖူးတာကြောင့် Rosé ဟာ အဲဒီ Chart မှာ အဖွဲ့နဲ့ရော Soloist အဖြစ်ပါ ရပ်တည်နိုင်တဲ့ ပထမဆုံးအဆိုတော်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

Rosé ရဲ့ On The Ground သီချင်းဟာ Billboard’s Hot 100 chart စာရင်းမှာ အဆင့် (၇၀)နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် အမျိုးသမီး K-Pop Soloist တွေထဲမှာ အမြင့်ဆုံးရပ်တည်မှုဖြစ်ခဲ့ပါတယ်။

Ref: Soompi

You cannot copy content of this page