K pop

■ Spotify မှာ အမြန်ဆုံး SM Solo Album အဖြစ် စံချိန်တင်ခဲ့တဲ့ Kai ရဲ့ Album

—- EXO အဖွဲ့ဝင် Kai ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက သူ့ရဲ့ ပထမဆုံး Solo Mini Album ထုတ်ဝေခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း Kai ရဲ့ ” KAI (开)” Album ဟာ SM Entertainment Artist အနေနဲ့ရော ကမ္ဘာအနှံ့မှာပါ စံချိန်တွေများစွာ စိုက်ထူခဲ့တာပါ။

အခုလည်း Kai ရဲ့ ” KAI (开)” Album ဟာ Spotify မှာ အမြန်ဆုံး SM Solo Album အဖြစ် စံချိန် သစ်တစ်ခုစိုက်ထူခဲ့ပြန်ပါပြီ။ Kai ရဲ့ ” KAI (开)” Album ဟာ Spotify မှာ Stream သန်း 60 ပြည့် သွားခဲ့ပါတယ်။

ဒါကြောင့် Kai ရဲ့ ” KAI (开)” ဟာ Spotify မှာ Stream သန်း 60 ပြည့်တဲ့ အမြန်ဆုံး SM Solo Album အဖြစ် မှတ်တမ်းရေးထိုးခဲ့တာပါ။ မကြာသေးခင်က Kai ရဲ့ Title Track “Mmmh” ဟာ Spotify Global Viral 50 မှာ ရက်ပေါင်း 60 နဲ့ အရှည်ဆုံး Charting K-pop Song အဖြစ် စံချိန် တင်ခဲ့ပါသေးတယ်။

မကြာသေးခင်ကလည်း iTunes သမိုင်းမှာ 73 နိုင်ငံနဲ့ #1 အများဆုံးရတဲ့ EP အဖြစ် သမိုင်းသစ်တင် ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page