K pop

■ အခြား BTS အဖွဲ့ဝင်တွေထက် Trainee ဘဝမှာ အလွန်ခက်ခဲခဲ့တယ်လို့ Jimin ဖွင့်ဟ

—- BTS အဖွဲ့ဝင် Jimin က သူဟာ ကျန်တဲ့ညီအစ်ကိုတွေထက် Debut မလုပ်ခင် လေ့ကျင့်တာ အချိန်တိုတောင်းခဲ့တာကြောင့် ပိုမိုရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။

BTS အဖွဲ့ဟာ မတ်လ 24 ရက်နေ့ကပြသတဲ့ tvN’s television show ‘You Quiz on the Block’ အပိုင်းမှာ BTS အဖွဲ့ဝင်တွေဟာ Trainee ဘဝတုန်းက အကြောင်းတွေကို ပြန်ပြောင်းပြောခဲ့ကြတာ ဖြစ်ပြီး အဲဒီမှာ Jimin က ဖွင့်ဟခဲ့တာပါ။

Jimin က “ ကျွန်တော်ဟာ အခြား K-pop Star တွေထက် လေ့ကျင့်တဲ့ ကာလတိုတောင်းခဲ့တာ အမှန် ပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ Debut မလုပ်ခင် လေ့ကျင့်ချိန် 6 လပဲရခဲ့ပါတယ်။ ဒါကြောင့် အဲဒီ 6လ အတွင်းမှာ ကျွန်တော် တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။

ဒီ K-pop ကမ္ဘာမှာ ရှင်သန်ချင်ပေမဲ့ ဘာစလုပ်ရမယ်၊ ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို မသိခဲ့ပါဘူး။ V ဒါမှမဟုတ် Jungkook တို့က Vocal လေ့ကျင့်ခန်းတွေလုပ်နေတဲ့အချိန်မှာ ကျွန်တော်က သူတို့ရဲ့ ထောင့်လေးမှာထိုင်ပြီး မှတ်စုနဲ့ အလုပ်ရှုပ်နေခဲ့ရပါတယ်။ ပြီးမှသာ မှတ်စုနဲ့ လေ့ကျင့်ခန်းကို စလုပ်နိုင် တာပါ” လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ Jungkook ကလည်း ထောက်ခံခဲ့ပြီး “ အဲဒီတုန်းက Jimin ဟာ အမြဲတမ်းခက်ခဲနေခဲ့ပါ တယ်။ ကျွန်တော်တို့အားလုံးထက်ကို ပိုရုန်းကန်ခဲ့ရပြီး အိပ်စက်မှုတွေကို အန်တုခဲ့တာပါ။ အခြား သူတွေထက် နောက်ကျမှာအိပ်တာသူဖြစ်သလို အစောကြီးထတာလည်း သူပါပဲ” လို့ ပြောခဲ့ပါတယ်။

Trainee ဘဝတုန်းက တစ်နေ့ ဘယ်နှစ်နာရီအိပ်သလဲလို့ မေးခံရတဲ့အခါ Jimin က “ 4 AM အထိ လေ့ကျင့်ပြီး 6:30 AM မှာ ပြန်ထပါတယ်” လို့ ပြောတဲ့အခါ အစီအစဉ်တင်ဆက်သူ Yu Jae Seok က အံ့အားသင့်ပြီး “ အရမ်းကြီး မပြင်းထန်လွန်းဘူးလား…မင်း မပင်ပန်းဘူးလား” လို့ မေးခဲ့ပါတယ်။

Jimin က “ အဲဒီတုန်းက ကျွန်တော် ဘာမှမဖြစ်ပါဘူး။ လေ့ကျင့်ခန်းထဲမှာ ကျွန်တော် အားတိုင်း အိပ် လေ့ရှိတာပါ။ လေ့ကျင့်ခန်းထဲကို စောင်တောင် ယူသွားပြီး အားလပ်တာနဲ့ အိပ်တာပါ။ နောက်ပြီး ကျွန် တော့်ရဲ့ BTS ညီအစ်ကိုတွေကလည်း တော်တော်လေးကို ကူညီပါတယ်။ သူတို့က ကျွန်တော့်ကို ‘ ငါတို့ အားလုံးဟာ ဘယ်သူမှ ပြီးပြည့်စုံတဲ့သူတွေမဟုတ်ဘူး။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင် တယ်’ လို့ ခဏခဏပြောပါတယ်။ ဒီစကားက ကျွန်တော့်ကို အားအင်ဖြစ်စေပါတယ်” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: SBSstar

You cannot copy content of this page