Cele

■ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ PPL Advertisements ကို “Snowdrop” အသုံးပြုဖွယ်မရှိ

— – – လတ်တလော ကိုရီးယားဇာတ်လမ်းတွဲတွေမှာ ဝေဖန်မှုမြင့်တက်နေတာကြောင့် Jisoo ရဲ့ ပွဲထွက်ဇာတ်လမ်းတွဲ Snowdrop မှာ …

JTBC ရုပ်သံက ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲမှာ Snowdrop မှာ Product Placement လို့ ခေါ်ကြတဲ့ PPL Advertisements တွေကို အသုံးပြုဖွယ်မရှိဘူးလို့ ကိုရီးယားသတင်းစာ Sports Kyunghyang က ဖော်ပြခဲ့ပါတယ်။

လက်ရှိထုတ်လွှင့်နေတဲ့ Vincenzo အပါအဝင် ကိုရီးယားဇာတ်လမ်းတွဲတွေမှာ ထုတ်ကုန်ကြော်ငြာတွေ အထူးသဖြင့် တရုတ်ထုတ် ပစ္စည်းကြော်ငြာ များပြားလွန်းနေတာကြောင့် ပရိသတ်တွေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

JTBC ရုပ်သံကတော့ အဲဒီလို အငြင်းပွားမှုတွေကို ရှောင်ရှားဖို့အတွက် PPL Advertisements တွေကို ဇာတ်လမ်းတွဲမှာ အသုံးပြုဖို့မရှိဘူးလို့ JTBC ရုပ်သံက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Jung Hae-in နဲ့ Jisoo တို့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Snowdrop ဇာတ်လမ်းတွဲကို ဒီနှစ် ပထမနှစ်ဝက်မှာ ထုတ်လွှင့်ဖို့ ရှိတယ်လို့ သိရပါတယ်။

Source: Sports Kyunghyang

You cannot copy content of this page