K pop

■ ကျပ်တည်းလွန်းတဲ့ Schedule တွေကြောင့် ပင်ပန်းလာတဲ့အခါ Lisa ဘာလုပ်သလဲ ?

— – – ပင်ပန်းနွမ်းနယ်လာတဲ့အခါ Lisa လုပ်လေ့ရှိတဲ့အရာတွေနဲ့ ပရိသတ်တွေကို ပြောတဲ့စကားကတော့ …

နာမည်ကျော် K-Pop Idol တွေရဲ့ ဘဝက မွန်းကျပ်စရာကောင်းတဲ့ Schedule တွေနဲ့ ပြည့်နှက်နေပါတယ်။ လက်ရှိ K-Pop မှာ အအောင်မြင်ဆုံးအမျိုးသမီးအဖွဲ့လို့ ပြောရမယ့် BLACKPINK အဖွဲ့ဝင်တွေရဲ့ အချိန်ဇယားတွေကတော့ ပြည့်နှက်နေတာပါ။

BLACKPINK အဖွဲ့ဝင် Lisa ကတော့ အလုပ်တွေ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းကြိုးစားပြီးနောက်မှာ ဘာလုပ်လေ့ရှိတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

Lisa က “ခက်ခဲပင်ပန်းတဲ့ အလုပ်တွေ ပြီးမြောက်သွားတဲ့နောက်မှာ ကိုယ့်ကိုယ်ကို အနားပေးပါတယ်။ အစားကောင်းကောင်းစားတယ်။ လိုချင်တာတွေ ဝယ်တယ်။ လုံး၀ နားရက်ယူလိုက်တယ်။ အဲဒီတွေက ကျွန်မကို အနားရစေပါတယ်။ ပြီးတော့ ကြောင်လေးတွေနဲ့ ကစားတယ်။ ကိုယ်ကြိုက်တာတွေကို လုပ်တာပေါ့”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Lisa က ကိုယ့်ရဲ့ပုံမှန်အတိုင်းပဲ နေထိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့က လူတစ်ယောက်အတွက် အရေးပါဆုံးဖြစ်ပြီး လူတိုင်းဟာ သူ့ဘာနဲ့သူ ပြီးပြည့်စုံနေပြီးသားဖြစ်လို့ ကိုယ့်ကိုယ်ကို လေးစားမှုရှိဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

Source: YouTube

You cannot copy content of this page