K pop

■ Jungkook ရေးထားတဲ့ Japanese OST “Film Out” ရဲ့ MV Teaser ကို BTS ထုတ်လွှင့်

— – – BTS အဖွဲ့ရဲ့ “Film Out” MV Teaser ဘယ်လိုဆိုတာကိုတော့ …

BTS အဖွဲ့ဟာ သူတို့ရဲ့ Japanese OST တစ်ပုဒ်ဖြစ်တဲ့ “Film Out” အတွက် MV Teaser ကို မတ်လ (၂၅)ရက်က You Tube မှာ လွှင့်တင်ခဲ့ပါတယ်။

“Film Out” လို့ အမည်ပေးထားတဲ့ OST ဟာ Signal ဇာတ်လမ်းတွဲကို အမီပြုရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားမှာ အသုံးပြုမှာဖြစ်ပါတယ်။

အဲဒီသီချင်းကို Jungkook ဟာ ဂျပန်တေးရေးဆရာတွေနဲ့ ပူးပေါင်း ရေးသားခဲ့တာဖြစ်သလို၊ ထုတ်လုပ်မှုပိုင်းမှာလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

BTS အဖွဲ့ရဲ့ “Film Out” MV ကိုတော့ ဧပြီလ (၂)ရက်နေ့မှာ You Tube မှာ လွှင့်တင်မှာ ဖြစ်ပါတယ်။

 

Source: Newsen

You cannot copy content of this page