K pop

■ မတ်လ Singer Brand Reputation Rankings မှာ ဘယ်သူတွေရပ်တည်ခဲ့သလဲ

— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ မတ်လ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…

Korean Business Research Institute က ထုတ်ပြန်တဲ့ မတ်လ Singer Brand Reputation Rankings မှာတော့ BTS ၊ Brave Girl နဲ့Trot Singer ဖြစ်တဲ့ Im Young Woong တို့က ထိပ်ဆုံးမှာဦးဆောင်ခဲ့ကြပါတယ်။

Korean Business Research Institute ဟာ ဖေဖော်ဝါရီလ 27 ရက်နေ့ကနေ မတ်လ 27ရက်နေ့အ ထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ် တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက်အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (12,580,406) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ Brave Girl အဖွဲ့က Reputation Index (11,020,770) ရရှိခဲ့သလို နာမည်ကြီး Trot အဆိုတော် Im Young Woong က Reputation Index (10,238,854) ရရှိခဲ့တာပါ။ နံပါတ် (4)မှာ IU ကရပ်တည်ခဲ့ပြီး Reputation Index (8,460,932) ရရှိခဲ့ပြီး နံပါတ် (5)မှာ BLACKPINK အဖွဲ့ဝင် Rose’ က Reputation Index (5,713,100) ရရှိခဲ့ပါတယ်။

မတ်လအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1# BTS ၊ 2# Brave Girls ၊ 3# Im Young Woong ၊ 4# IU ၊ 5# BLACKPINK’s Rosé ၊ 6# Young Tak ၊ 7# BLACKPINK ၊ 8# Lee Chan Won ၊ 9# (G)I-DLE ၊ 10# IZ*ONE

11# Oh My Girl ၊ 12# NCT ၊ 13# Kang Daniel ၊ 14# Kim Hee Jae ၊ 15# Lee Seung Gi ၊ 16# TWICE ၊ 17# Jung Dong Won ၊ 18# MAMAMOO’s Hwasa ၊ 19# SEVENTEEN ၊ 20# Jang Min Ho

21# Song Ga In ၊ 22# Noel ၊ 23# EXO ၊ 24# Girls’ Generation’s Taeyeon ၊ 25# Sunmi ၊ 26# Chungha ၊ 27# HyunA ၊ 28# Red Velvet ၊ 29# Red Velvet’s Joy ၊ 30# GFRIEND

-m2t
Ref: Soompi

You cannot copy content of this page