K pop

■ ‘Lilac’ နဲ့ စံချိန်တွေ ရရှိနေတဲ့ IU

— IU ဟာ သူမရဲ့ 5 ခုမြောက် Studio Album “LILAC” ကို မတ်လ 25 ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး စံချိန်တွေလည်း ရရှိနေခဲ့…

IU ရဲ့ Studio Album “LILAC” ဟာ ထုတ်လွှင့်ပြီး ပထမဆုံးနေ့မှာပဲ Hanteo မှာ Album Copies 216,000 ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် IU ဟာ Personal-best first day sales record စံချိန်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

အရင်က IU ဟာ ‘Love Poem’ နဲ့ 125,388 copies ရောင်းအားစံချိန်တင်ထားတာဖြစ်ပြီး “LILAC” ဟာ သူမရဲ့ Album တွေအနက် ပထမဆုံးနေ့မှာ Album ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

နောက်ပြီး IU ဟာ “LILAC” ဟာ နိုင်ငံ 11 နိုင်ငံရဲ့ iTunes Album Charts တွေမှာ #1 ရရှိခဲ့သလို မတ်လ 27 ရက်နေ့မှာ Title Track “LILAC” ဟာ certified all-kill ရရှိခဲ့ပါတယ်။

IU ဟာ သူမရဲ့ Album ထုတ်လွှင့်ပြီးတဲ့နောက်မှာလည်း အောင်ပွဲခံတဲ့အနေနဲ့ သူမ ပြုလုပ်နေကြ မွန်မြတ်တဲ့လှူဒါန်းမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သူမဟာ IUAENA (IU + UAENA) နာမည်နဲ့ အကူ အညီလိုအပ်နေတဲ့ အဖွဲ့အစည်းတွေထံ ဝမ်သန်း 100 လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page