K pop

■ နောက်ထပ် Music Show Win ရခဲ့ရင် ကြီးမားတဲ့ Dorm ကို ပြောင်းပေးမယ်လို့ Brave Girl ကို Brave Brothers ကတိပေး

—- အံ့အားသင့်ဖွယ် လူကြိုက်များလာပြီး အောင်မြင်မှုရနေတဲ့ Brave Girl အဖွဲ့ဟာ လက်ရှိအချိန်မှာ ရုပ်သံတွေမှာ ဆက်တိုက်ပါဝင်နေပြီး အလုပ်တွေလည်းရှုပ်နေ…

မတ်လ 24 ရက်နေ့က Brave Girl အဖွဲ့ဟာ tvN broadcast ‘TMI News.’ ပါဝင်ခဲ့ပြီး အဲဒီမှာ အဖွဲ့ ဝင်တွေဟာ သူတို့ရဲ့ CEO လည်းဖြစ်တဲ့ Brav Brothers ထံ ဖုန်းခေါ်ခဲ့ပါတယ်။ MC Jan Do Yeon က Brave Girl အဖွဲ့ကို “ မင်းတို့အနေနဲ့ Brave Brothers ကို တစ်ခုခုပြောစရာရှိသလား” လို့ မေးခဲ့ပြီး ဖုန်းခေါ်ခိုင်းခဲ့ပါတယ်။

အဲဒီမှာ အဖွဲ့ဝင် Yujeong က “ ကျွန်မတို့အနေနဲ့ နောက်တစ်ကြိမ် Muisc Show Win ရခဲ့ရင် ကျွန်မတို့နေထိုင်နေတဲ့ Dorm ကို ပြောင်းပေးနိုင်မလား” ပြောခဲ့ပါတယ်။ Brave Brothers ကလည်း ရယ်မောပြီး “ သေချာတာပေါ့ ပြောင်းပေးမယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

Brav Brothers အဖွဲ့ရဲ့ ကတိပေးမှုကို ကြားပြီးတဲ့အခါမှာ Brave Girl အဖွဲ့ဟာ အောင်ပွဲခံခဲ့ပြီး “ ငါတို့လုပ်နိုင်ပြီ” လို့ပြောဆိုကာ ပျော်မြူးခဲ့ပါတယ်။

MC Jeon Hyun Moo က ထပ်ပြီး “ မင်းတို့ရဲ့ Dorm က သေးတယ်ဟုတ်” လို့ မေးတဲ့အခါ အဖွဲ့ ဝင်တွေက “ ကျွန်မတို့ Dorm မှာ ရေချိုးခန်းအိမ်သာက တစ်ခုပဲရှိတော့ နည်းနည်းတော့ ခက်ခဲပါ တယ်။ ကျွန်မ 4 ယောက်ဟာ ရေချိုးခန်းအိမ်သာကို အများသုံးအိမ်သာလို အသုံးပြုနေရတာပါ” လို့ ရယ်မောပြီး ပြန်ဖြေခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page