Celebrity

■ ဒရာမာသမိုင်းမှာ ဈေးအကြီးဆုံး သရုပ်ဆောင်ဖြစ်လာမယ့် Kim Soo Hyun

— လက်ရှိအချိန် တောင်ကိုရီးယားဒရာမာလောကမှာ ဈေးအကြီးမင်းသားတစ်လတ်ဖြစ်တဲ့ Kim Soo Hyun ဟာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဒရာမာသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး သရုပ်ဆောင် တစ်ဦးဖြစ်လာမယ်လို့…

မကြာသေးခင် ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ နာမည်ကျော်မင်းသား Kim Soo Hyun ဟာ ဒရာမာသစ် That Night နဲ့ ဒရာမာကြေးအမြင့်ဆုံးရရှိလာမယ့် သရုပ်တစ်ဦးအဖြစ် စံချိန်တင်တော့မှာ ပါလို့ ဖော်ပြခဲ့ပါတယ်။

မီဒီယာတွေက Kim Soo Hyun ဟာ အဆိုပါ That Night ဒရာမာ အတွက် အပိုင်းတစ်ပိုင်းကို ဝမ် သန်း 500 (ကန်ဒေါ်လာ $440,00)ခန့်ရရှိဖို့ သေချာသလောက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ Kim Soo Hyun ရရှိမယ့် အပိုင်းတစ်ပိုင်းဝင်ငွေဟာ ကြော်ငြာတွေ၊ Copyright Sale တွေနဲ့ Produt တွေကရရှိ မယ့် ဝင်ငွေတွေကြောင့်လည်းဖြစ်ပါတယ်။

တကယ်လို့ ဒီသတင်းသာမှန်ကန်ခဲ့ရင် Kim Soo Hyun အနေနဲ့ ဒရာမာသမိုင်းမှာ စံချိန်ဈေးအကြီးဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်မှာလည်းဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး Kim Soo Hyun ရဲ့ အေဂျင်စီ Gold Medalist ကတော့ “ သူ့ရဲ့ ဒရာမာကြေးနဲ့ပတ်သက်ပြီး သူတို့ အတည်မပြု သေးပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page