K pop

■ လက်ရှိအချိန်မှာ IU ရဲ့ အကြီးမားဆုံးသော စိုးရိမ်မှု

—- လက်ရှိအချိန်မှာ IU ရဲ့ အကြီးမားဆုံး စိုးရိမ်ကြောင့်ကြမှုက ဘာဖြစ်မလဲလို့ ထင်ပါသလဲ…

မကြာသေးခင်က IU ဟာ Album အသစ်ကို ထုတ်လွှင့်ထားပြီး PAK လည်းရရှိခဲ့ပါတယ်။ မတ်လ 24 ရက်နေ့ကလည်း ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ W Korea ဟာ IU နဲ့ အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို YouTube မှာတင်ခဲ့ပြီး အဲဒီမှာ IU ဟာ လက်ရှိအချိန် သူမရဲ့ အကြီးမားဆုံးသော စိုးရိမ်ကြောင့်ကြမှု က ဘာလဲဆိုတာကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ 1990 ခုနှစ်အကျော်က ပေါ်ပြူလာဖြစ်တဲ့ Item တွေအကြောင်းကိုဖော်ပြခဲ့ပြီး ငယ်ငယ် တုန်းက ဆော့ခဲ့တဲ့အရုပ်တွေ၊ စားစရာတွေအကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

IU က “ ကျွန်မဟာ ငယ်ငယ်တုန်းက စိတ်ဝင်စားစရာတွေနဲ့ အမြဲတမ်းလိုလို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ တုန်းက ကျွန်မမှာ ဝါသနာဆိုတာ ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုတော့ အဲလိုမဟုတ်ပါဘူး။ လက်ရှိအချိန် ကျွန်မမှာ ဝါသနာဆိုတာ မရှိပါဘူး။ တကယ်တော့ အဲဒီလို ဝါသနာမရှိတာဟာ ကျွန်မ အတွက် လက်ရှိ စိုးရိမ်အကြောင့်ကြရဆုံး အရာတစ် ခုဖြစ်ပါတယ်။ တစ်ဘဝလုံးစာအတွက် စိုးရိမ်မှု လည်း ဖြစ်သွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထပ်ပြီး IU က သူမအနေနဲ့ အသက် 30 အရွယ်ရောက်လာပြီဖြစ်ပေမယ့် ဝါသနာတစ်ခုကိုတောင် မရှာ ဖွေနိုင်သေးလို့ စိုးရိမ်မိကြောင်းလည်း ပြောပြခဲ့ပါတယ်။

“ ဘာပဲဖြစ်နေဖြစ်နေ ကျွန်မ တစ်ခုခုကို စိတ်ဝင်စားရင် ခဏပါပဲ။ ပြီးရင် သိပ်မကြာဘူး ပျောက်ကွယ် သွားပါတယ်။ ကျွန်မခံစားရတဲ့ ဖိအားတွေကို မေ့ပျောက်ကျော်လွှားနိုင်ဖို့ လုပ်စရာဝါသနာဆိုတာမရှိပါ ဘူး။ ကျွန်မ ငယ်ငယ်တုန်းကတော့ စာဖတ်ခြင်းဟာ ကျွန်မရဲ့ ဝါသနာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သီ ချင်းတွေရေးပြီးနောက်ပိုင်းမှာ စာဖတ်ခြင်းဟာလည်း ကျွန်မအတွက် ရေရှည်ပျော်စရာဖြစ်စေတဲ့ အရာ တစ်ခု မဟုတ်တော့ပါဘူး။ လက်ရှိအချိန်မှာ အဲဒီအရာတစ်ခုအတွက် ကျွန်မ ဝမ်းနည်းနေပါတယ်”

-IU
-m2t
Ref: SBSstar

You cannot copy content of this page