K pop

■ Stock Pre-Orders စံချိန်ချိုးခဲ့တဲ့ Baekhyun

—- EXO အဖွဲ့ဝင် Baekhyun ဟာ သူ့ရဲ့ တတိယမြောက် Mini Album ဖြစ်တဲ့ “Bambi” ကို မတ်လ 30 ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး Stock Pre-Orders စံချိန်တစ်ခုကို ချိုးခဲ့…

Baekhyun ဟာ မတ်လ 30 ရက်နေ့က Mini Album ဖြစ်တဲ့ “Bambi” ကို မထုတ်လွှင့်ခင် Stock Pre-Orders 833,392 ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Baekhyun ဟာ Personal Record တစ်ခုကိုတင်နိုင်ခဲ့ပြီး ထွက်ခဲ့တဲ့ Album တွေအနက် အမြင့်ဆုံး Stock Pre-Orders ရောင်းချနိုင်မှုဖြစ် တယ်လို့ သိရပါတယ်။

Stock Pre-Orders ဆိုတာ Album မထွက်ခင် ဦးစားပေးထုတ်လုပ်ထားတဲ့ Album အရေအတွက်ဖြစ် ပြီး ပရိသတ်တွေရဲ့ ဝယ်လိုအားပေါ်မှုတည်ပြီး ထုတ်လုပ်တာလည်းဖြစ်ပါတယ်။

Baekhyun ဟာ ပြီးခဲ့တဲ့ သူ့ရဲ့ ဒုတိယ Album “Delight.” နဲ့ ကိုရီးယားအဆိုတော်လောကမှာ 19 နှစ်အတွင်း ပထမဆုံး Million Seller ဂုဏ်ပုဒ်ကို ရရှိခဲ့သူဖြစ်ပါတယ်။ အခု Baekhyun ထုတ်လွှင့်ခဲ့တဲ့ Album ထဲမှာ သီချင်း (6)ပုဒ်ပါဝင်ပြီး Title Track “Bambi,” “Love Scene,” “All I Got,” “Privacy,” “Cry for Love,” နဲ့ “Amusement Park.” တို့ပဲဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page