K pop

■ အမျိုးသမီး Idol တွေတောင် ကြွေပါတယ်ဆိုတဲ့ အမျိုးသား Idol များ

အမျိုးသမီး Idol တွေတောင် ကြွေပါတယ်ဆိုတဲ့ အမျိုးသား Idol တွေကို Kstarlive က ဖော်ပြခဲ့ပါ တယ်။ အချို့သော အမျိုးသမီး Idol တွေဟာ သူတို့ Crush ကြတဲ့ အမျိုးသား Idol တွေကို ပြောဆိုခဲ့ ကြပါတယ်။ အားပြင်းတဲ့ Vocal တွေ၊ အကတွေ၊ Visual တွေစတဲ့ အရည်အချင်းတွေပိုင်ဆိုင်တဲ့ အမျိုး သား Idol တွေကို ပရိသတ်တွေနည်းတူ သူတို့လည်း ကြွေကြမှာပဲမဟုတ်လား။ အိုကေ . . . ဒီ အမျိုး သား Idol တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

Jungkook (BTS)

BTS အဖွဲ့ဟာ တဖြည်းဖြည်း ကမ္ဘာအနှံ့ ပေါ်ပြူလာဖြစ်လာတာနဲ့အမျှ Golden Maknae လေး Jungkook ရဲ့ Charms ကို အမျိုးသမီး Idol တွေ စတင်သတိပြုမိလာကြပါတယ်။ Rania အဖွဲ့ဝင် Ttabo ၊ KARA အဖွဲ့ဝင် Seungyeon တို့အပါအဝင် အမျိုးသမီး Idol အချို့ဟာ Jungkook ကို သူတို့ ရဲ့ Ideal Type အဖြစ် သတ်မှတ်ဖော်ထုတ်ခဲ့ကြပါတယ်။ အမျိုးသမီး Idol တွေကို “Hottest Male Idol တွေက ဘယ်သူတွေလဲ” လို့ စစ်တမ်းကောက်ယူမေးမြန်းမှုတွေအရလည်း Jungkook ရဲ့ အမည် ပါဝင်ခဲ့ပါတယ်။

G-Dragon (BIG BANG)

K-pop ဘုရင်ကြီး G-Dragon ကတော့ အမျိုးသမီး Idol တွေကြွေတဲ့စာရင်းမှာ မကြာခဏပါဝင်လေ့ရှိ သူဖြစ်ပြီး အမျိုးသမီး Idol တော်တော်များများရဲ့ Ideal Type အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါ တယ်။ Girl’s Day အဖွဲ့ဝင် Minah အပြင် မော်ဒယ် Miranda Kerr တောင် G-Dragon ကို Ideal Type အဖြစ် ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။

Taemin (SHINee)

ကိုရီးယားမီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ SHINee အဖွဲ့ဝင် Taemin ဟာ အမျိုးသမီး Idol တွေအကြား ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသား Idol တွေထဲက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ဖော် ပြခဲ့ပါတယ်။ သူနဲ့ ရင်းနှီးချင်ပြီး တွေ့ချင်တဲ့ အမျိုးသမီး Idol တွေအများကြီးပဲလို့ သိရပါတယ်။

Cha Eun Woo (ASTRO)

အလွန်ဆွဲဆောင်မှုရှိပြီး ချောလွန်းတဲ့ Cha Eun Woo ကို မကြွေတဲ့ သူရှိပါ့မလားလို့ စဉ်းစားရတဲ့အထိ ဖြစ်ပါတယ်။ အမျိုးသမီး Idol တွေအကြား ရေပန်းစားတဲ့အထဲမှာ ပါဝင်တဲ့ အမျိုးသား Idol တစ်ဦးဖြစ် ပါတယ်။ ဒါပေမဲ့ Cha Eun Woo ဟာ အနေအေးတဲ့သူဖြစ်ပြီး ရှက်တတ်တဲ့သူဖြစ်တာကြောင့် အမျိုး သမီး Idol တွေ ချင်မင်ရင်းနှီးချင်ရင်တောင် မလွယ်တဲ့အနေအထားဖြစ်ပါတယ်။

Baekhyun (EXO)

ပရိသတ်တွေရဲ့ သည်းသည်းလှုပ် Baekhyun ရဲ့ အရည်အချင်း၊ ချောမောမှုတွေကို ဘယ်သူက တွန်း လှန်နိုင်မှာလဲ။ သူ့ရဲ့နေထိုင်တတ်မှု၊ ချစ်စရာကောင်းမှုတွေကို အမျိုးသမီး Idol တွေလည်း ကြွေကြ မှာပါပဲ။

-m2t
Ref: Kstarlive

You cannot copy content of this page