K pop

■ စစ်မှုထမ်းမယ့် ရက်စွဲကို Baekhyun ကြေညာ

— – – Baekhyun နဲ့ SM တို့ အတည်ပြုခဲ့တဲ့ Baekhyun စစ်မှုထမ်းမယ့်နေ့ဟာ သူ့အတွက် အမှတ်တရများစွာ …

မတ်လကုန်ပိုင်းက သိပ်မကြာခင်မှာ စစ်မှုထမ်းမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun ကတော့ စစ်မှုထမ်းမယ့်ရက်စွဲအတိအကျကို အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဧပြီလ (၂)ရက်၊ ညပိုင်းမှာ Baekhyun ရော၊ သူ့ရဲ့ အေဂျင်စီ SM ကပါ Baekhyun အနေနဲ့ မေလ (၆)ရက်နေ့မှာ စစ်မှုတာဝန်ထမ်းဆောင်တော့မယ်လို့ အတည်ပြုခဲ့တာပါ။ မေလ (၆)ရက်ဟာ Baekhyun ရဲ့ (၂၉)နှစ်ပြည့်(ကိုရီးယား ၃၀) မွေးနေ့လည်း ဖြစ်ပါတယ်။

Baekhyun က SM ရဲ့ fan community app LYSN မှာ “ဒီနေ့က ထိမ်တူတဲ့နေ့တစ်နေ့ပါပဲ။ ဒီတော့ သတင်းကောင်းလေးတချို့ကို ကျွန်တော် ဝေမျှချင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ပြောစရာတစ်ခုရှိတယ်။ မေလ (၆)ရက်မှာ စစ်မှုထမ်းဖို့ အသိပေးစာ ရောက်လာပါပြီ။ ဒီတော့ ခဏလောက်တော့ ခွဲနေကြရတော့ပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ အတူရှိနေပါတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ကျွန်တော် တတ်နိုင်တဲ့ဘက်က ကြိုးစားပါမယ်။ ကျွန်တော် အလုပ်ကြိုးစားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်မယ်။ စောင့်မျှော်နေရတာက ခက်ခဲတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။

ဒါကြောင့် ကျွန်တော့်ကို စောင့်နေပါလို့ ပြောမယ့်အစား ခင်ဗျားတို့ကို ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ကို ကျွန်တော် ချစ်တယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်တယ် ဆိုတဲ့ စကားပါပဲ”လို့ ရေးသားခဲ့ပါတယ်။

Baekhyun ဟာ EXO အဖွဲ့မှာ D.O.၊ Xiumin၊ Chen၊ Suho နဲ့ Chanyeol တို့ပြီးနောက် စစ်မှုတာဝန် ထမ်းဆောင်မယ့် (၆)ဦးမြောက် EXO အဖွဲ့ဝင် ဖြစ်ပါတယ်။

D.O. နဲ့ Xiumin တို့ကတော့ စစ်မှုတာဝန်တွေပြီးဆုံးခဲ့ပြီဖြစ်ပြီး Chen၊ Suho နဲ့ Chanyeol တို့ကတော့ စစ်မှုတာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ Baekhyun ကတော့ မေလ (၆)ရက် သူ့မွေးနေ့မှာ စစ်မှုတာဝန်ထမ်းဆောင်တော့မှာပါ။

Ref: Soompi

You cannot copy content of this page