K pop

■ မွေးနေ့မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်မယ့် Baekhyun

— Baekhyun ဟာ စစ်မှုတာဝန်ထမ်းဆောင်မယ့် EXO အဖွဲ့ရဲ့ (6)ဦးမြောက် အဖွဲ့ဝင်ဖြစ်လာတော့ မှာပါ…

ပြီးခဲ့တဲ့ရက်ပိုင်းက EXO အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Chanyeol ဟာ စစ်မှုတာဝန်ထမ်းဆောင်သွားခဲ့ပြီဖြစ် သလို အခုအခါမှာလည်း Baekhyun က သူ့ရဲ့ မွေးနေ့မှာ စစ်မှုတာဝန်စတင်ထမ်းဆောင်တော့မယ် လို့ အတည်ပြုကြေညာခဲ့ပြီဖြစ်ပါတယ်။

မေလ 6 ရက်နေ့ဟာ Baekhyun ရဲ့ အသက်(29)နှစ်(နိုင်ငံတာကာ အသက်စံနှုန်း)ပြည့် မွေးနေ့ဖြစ်ပြီး အဆိုပါနေ့မှာ စစ်မှုတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

Baekhyun က သူ့ရဲ့ စစ်မှုတာဝန်ထမ်းဆောင်မယ့်ရက်ကို LYSN ကနေတဆင့် အခုလို ကြေညာခဲ့ တာဖြစ်ပါတယ်။

“ ဒီနေ့ တိမ်တွေအုပ်နေပြီး သတင်းကောင်းတစ်ခုကို ကြေညာချင်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး ပရိသတ် တွေကို ပြောချင်တဲ့အရာတွေရှိပါတယ်။ အဲဒါကတော့ ကျွန်တော် မေလ 6 ရက်နေ့ စစ်မှုတာဝန်ထမ်း ဆောင်တော့မယ်ဆိုတာပါပဲ။

စစ်မှုတာဝန်ထမ်းဆောင်တာဟာ ပရိသတ်တွေနဲ့ ခွဲခွာသွားတာမဟုတ်ပါဘူး။ နည်းလမ်းတစ်ခုခုကို ကျွန်တော်ပြုသွားမှာပါ။ အဲဒီနည်းလမ်းတွေဟာ စစ်မှုထမ်းကာလအတွင်းမှာ ကျွန်တော့်ကိုစောင့်နေ တယ်၊ လွမ်းနေတယ်ဆိုတာထက် ပိုပြီး အဆင်ပြေတဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုမျိုးလည်း ခံစားလို့ရအောင် ကျွန်တော်ပြင်ဆင်နေပါတယ်။

ကျွန်တော်အလုပ်ကြိုးစားပြီး ပရိသတ်တွေအတွက် အများကြီးပြင်ဆင်နေတာပါ။ စောင့်နေရတာဆို တာ ဘယ်လောက်ထိခက်ခဲလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ပရိသတ်တွေကို ခဏစောင့် နေပါလို့ ပြောတာထက် ချစ်တယ်လို့ပဲ ပြောချင်ပါတယ်”

-Baekhyun

-m2t
Ref: Soompi

You cannot copy content of this page