Celebrity

■ ဒီမင်းသမီးတွေရဲ့ မူလဇစ်မြစ်က Idol ဆိုတာ သင်သိသလား

— K အနုပညာရပ်ကွက်မှာ Idol တွေဟာ စွယ်စုံရတဲ့သူတွေလို့သတ်မှတ်ရမှာဖြစ်ပြီး နယ်ပယ်အနှံ့ ခြေဆန့်တဲ့သူတွေဖြစ်ပါတယ်။ Idol ကနေ မော်ဒယ်၊ ဖက်ရှင်၊ သရုပ်ဆောင် တဆင့်ဆင့်ပြီးတဆင့် ကူးပြောင်းပြီး လုပ်ဆောင်ခဲ့ကြတာပါ။

အချို့နာမည်ကျော်မင်းသမီးတွေကို ပရိသတ်တွေအနေနဲ့ သူတို့ဟာ Idol ဘဝကနေ တက်လာကြတဲ့ သူတွေဆိုတာ သိချင်မှသိပါလိမ့်မယ်။ ဒီမင်းသမီးတွေဟာ လက်ရှိအချိန်မှာ ရုပ်ရှင်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ကိုင်နေကြတာကြောင့်လည်း သူတို့ရဲ့ မူလဇစ်မြစ်ကို မသိကြတာလည်းဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ သူတို့တွေက ဘယ်သူတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်ပါ . . .

1. Seo Hyun Jin

မြန်မာပြည်က K Drama ပရိသတ်တွေနဲ့ ဟန်ဆယ်ဂရယ်၊ Dr. Romantic 1 ထဲက မင်းသမီးဖြစ်တဲ့ Seo Hyun Jin ကို ရင်းနှီးကြမှာပါ။ တကယ်တော့ သူမဟာ Idol ဘဝကနေ K အနုပညာဇာတ်ခုံပေါ် တက်လာတဲ့သူဖြစ်ပါတယ်။ 2001 ခုနှစ်မှာ M.I.L.K နဲ့ Debut လုပ်ခဲ့ပြီး Idol ဖြစ်လာသူပါ။ ဒါပေမဲ့ 2003 ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းခဲ့လို့ Seo Hyun Jin ဟာ 2006 ခုနှစ်မှာ ရုပ်ရှင်လောကထဲကို ခြေစုန် ပစ်ဝင်ခဲ့တာဖြစ်ပါတယ်။

2. Hwang Jung Eum

မင်းသမီးတစ်ဦးဖြစ်တဲ့ Hwang Jung Eum ဟာလည်း Seo Hyun Jin နဲ့ စင်ပြိုင်ခေတ်က Idol တစ်ဦးဖြစ်ပြီး 2001 ခုနှစ်မှာ အမျိုးသမီး K-pop အဖွဲ့ Sugar နဲ့ Debut လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ 2004 ခုနှစ်မှာ အဖွဲ့ထဲက ထွက်ခွာပြီး 2007 ခုနှစ်မှာ မင်းသမီးဘဝလမ်းကြောင်းကို စတင်လျှောက် လှမ်းခဲ့သူဖြစ်ပါတယ်။ Kill Me, Heal Me ၊ She Was Pretty ၊ Endless Love စတဲ့ဒရာတွေဟာ သူမရဲ့ နာမည်ကြီးဒရာတွေဆိုရင်လည်းမမှားပါဘူး။

3. Oh Yeon Seo

Hwayugi ဒရာမာထဲက ဆမ်ဂျန်း၊ Please Come Back, Mister ၊ My Sassy Girl ၊ Love with Flaws စတဲ့ ဒရာမာထဲက မင်းသမီး Oh Yeon Seo ကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူမဟာ အရင် က Idol တစ်ဦးဖြစ်ပါတယ်။ 2002 ခုနှစ်မှာ LUV အဖွဲ့နဲ့ Debut လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်အတွင်း မှာ အဖွဲ့က ဖျက်သိမ်းဖြစ်သွားလို့ Oh Yeon Seo ဟာ Idol ဘဝဇာတ်သိမ်းသွားပေမယ့် မင်းသမီးအ ဖြစ် ချက်ချင်းပဲ Debut လုပ်ခဲ့ပါတယ်။

4. Kwon Nara

Itaewon Class ထဲက မင်းသမီးချောလေး Kwon Nara ဟာ Idol တစ်ဦးဖြစ်တယ်ဆိုလို့ ပရိသတ်တွေ အံ့အားသင့်နေကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ သူမဟာ 2012 ခုနှစ်တုန်းက Hello Venus အဖွဲ့နဲ့ Debut လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ 2019 ခုနှစ်မှာ Hello Venus ဟာ Official ဖျက် သိမ်းသွားခဲ့ပြီး Kwon Nara ဟာလည်း မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ Idol ဘ၀ ကတည်းက သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

5. Park Soo Jin

မင်းသမီးတစ်ဦးဖြစ်တဲ့ Park Soo Jin ဟာလည်း Hwang Jung Eum နဲ့အတူ Sugar အမျိုးသမီးအဖွဲ့ ရဲ့ Idol တစ်ဦးဖြစ်ပါတယ်။ 2004 ခုနှစ်မှာ Hwang Jung Eum က အဖွဲ့ထဲကနေ ထွက်သွားခဲ့ပေ မယ့် သူမကတော့ 2006 ခုနှစ်မှာ အဖွဲ့ဖျက်သိမ်းမှသာ Idol ဘဝကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ 2007 ခုနှစ်မှာ ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

Part-2 ဆက်လက်ဖတ်ရှုရန် . . .

-m2t
Ref: Koreaboo

You cannot copy content of this page