K pop
■ D.O. နဲ့ Jin တို့ရဲ့ Friendship ကို ARMY နဲ့ EXO-L တွေ ပိုမိုရုပ်လုံးပေါ်စေချင်ကြ
-UNICODE
– – – D.O. နဲ့ Jin တို့အကြား Friendship ဟာ နှစ်ဘက် ပရိသတ်တွေကို…..
K-pop နယ်ပယ်မှာတော့ Idol အချင်းချင်းကြားက Friendship တွေကို မြင်ရတာ နွေးထွေးလှပါတယ်။
အထူးသဖြင့် မတူညီတဲ့အဖွဲ့တွေရဲ့ Idol တွေကြားက Friendship က ပိုပြီးကြည်နူးစရာကောင်းတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း K-pop မှာ အုပ်စုလိုက် Friendship Line တွေလည်း ရှိကြတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အခုအခါမှာတော့ EXO အဖွဲ့ဝင် D.O. နဲ့ BTS အဖွဲ့ဝင် Jin တို့ကြားက Friendship ကို ဖော်ပြပေးချင်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက D.O.ဟာ ရိုမန့်တစ်ရုပ်ရှင် Pure Love ကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ သတင်းစာရှင်းလင်းပွဲကို BTS အဖွဲ့ဝင် Jin တက်ရောက်လာခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက ်သတင်းစာတွေထဲမှာတော့ ” Do Kyungsoo ရဲ့ Pure Love ကို လာရောက်အားပေးတဲ့ BTS အဖွဲ့ဝင် Jin”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါလာခဲ့ပါတယ်။ Event အတွင်းမှာလည်း သူတို့နှစ်ယောက်ဟာ အချင်းချင်း ဦးညွှတ်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။
ဒါ့အပြင် 2016 Gaon Chart Awards မှာ Jin နဲ့ D.O. တို့ဟာ အချင်းချင်း နှုတ်ဆက်ခဲ့ကြပါသေးတယ်။ ဒါ့ကြောင့် D.O. နဲ့ Jin တို့ဟာ အတိုင်းအတာတစ်ခုအထိ ခင်မင်ရင်းနှီးကြသူတွေဆိုတာ တွေ့ရမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိသူတို့နှစ်ယောက် ဘယ်လိုရင်းနှီးခဲ့သလဲဆိုတာ ပရိသတ်တွေက တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။
ဒါကြောင့် နှစ်ဖက်ပရိသတ်တွေဟာ D.O. နဲ့ Jin တို့ရဲ့ Friendship နဲ့ ပတ်သက်ပြီး ပိုမိုရုပ်လုံးပေါ်စေချင်ကြလျက် ရှိနေပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page