K pop

■ ကျန်းမာရေးကြောင့် Social Service Worker အနေနဲ့ပဲ စစ်မှုထမ်းဖို့ရှိနေတဲ့ Baekhyun

—- Baekhyun ဟာ မေလ 6 ရက်နေ့ သူ့ရဲ့မွေးနေ့မှာ စစ်မှုတာဝန်ကို စတင်ထမ်းဆောင်ဖို့ရှိပေမယ့် ကျန်းမာရေးအခြေအနေကြောင့် Social Service Worker အနေနဲ့ပဲ စစ်မှုထမ်းရဖို့ရှိနေတယ်လို့ သိရ ပါတယ်။

Baekhyun ဟာ အထက်တန်းကျောင်းသားဘဝထဲက Hypothyroidism လို့ခေါ်တဲ့ ရောဂါအခံရှိသူ ဖြစ်ပြီး ရောဂါပြင်းထန်ဆိုးရွားလာရင် သူ့ရဲ့လည်ချောင်းနဲ့ မျက်နှာတွေဟာ ရောင်းရမ်းမှုတွေရှိတယ် လို့ သိရပါတယ်။

စစ်မှုတာဝန်ထမ်းဆောင်ရမှာဖြစ်တာကြောင့် Baekhyun ဟာ စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်သလို Military Manpower Administration ကလည်း သူ့ရဲ့ နောက်ကြောင်းကျန်းမာရေးအခြေအနေတွေ စစ်ဆေးကြည့်ရာမှာ 6 လကျော်အထိ ဆေးကုသမှုတွေလုပ်ခဲ့သလို ကြံ့ခိုင်မှုကလည်း Active-Duty စစ်သားတစ်ဦးအနေနဲ့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါကြောင့် Baekhyun ဟာ Active-Duty အစား Social Service Worker အနေနဲ့ပဲ စစ်မှုထမ်းရမှာဖြစ် သလို Basic Training (3)ပါတ်ပြုလုပ်ပြီးရင် Baekhyun အနေနဲ့ ကိုရီးယား စံတော်ချိန် 6PM အိမ်ကို ပြန်ခွင့်ရနိုင်မှာလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page