Celebrity

■ ‘The Seashore Village Chachacha’ ဒရာမာမှာ သရုပ်ဆောင်ဖို့ Kim Seon Ho နဲ့ Shin Min Ah တို့ အတည်ပြု

—- Start Up ဒရာမာနဲ့ တဟုန်ထိုးနာမည်ကြီးလာတဲ့ မင်းသား Kim Seon Ho နဲ့ ဝါရင့်နာမည်ကျော် မင်းသမီး Shin Min Ah တို့ဟာ ‘The Seashore Village Chachacha’ ဒရာမာမှာ သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ ‘The Seashore Village Chachacha’ ဒရာမာကို tvN က ထုတ်လွှင့်မှာဖြစ်ပြီး Romantic Comedy အမျိုးအစားတစ်ခုဖြစ်ပါတယ်။

မင်းသမီး Shin Min Ah ဟာ စမတ်ကျပြီး ချောမောတဲ့ သွားဆရာဝန် Yoon Hye Jin အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူမဟာ ဉာဏ်ကောင်းပြီး စမတ်ကျပေမယ့် ဘဝမှာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုကြောင့် သေးငယ်တဲ့ ကမ်းခြေရွာလေးကို ရောက်လာဖို့ ကြမ္မာဖန်လာခဲ့ပါတယ်။

မင်းသား Kim Seon Ho ကတော့ အလုပ်မရှိတဲ့ နည်းပညာတစ်ဦး Hong Doo Sik အဖြစ် သရုပ် ဆောင်မှာဖြစ်ပါတယ်။ သူဟာ ဆော့ဖ်ဝဲလ်ပရိုဂရမ်ပိုင်းနဲ့ပတ်သက်ပြီး အလွန် Talent ရှိပေမယ့် သူ့ရဲ့ အချိန်အများစုကို သေးငယ်တဲ့ရွာလေးက ရွာသားတွေကို ကူညီပြီး နေထိုင်နေသူဖြစ်ပါတယ်။ မင်းသား Kim Seon Ho အနေနဲ့ အဓိက မင်းသားအဖြစ် ပထမဆုံးရိုက်ကူးမယ့် ဒရာမာလည်းဖြစ်လာ မှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ‘The Seashore Village Chachacha’ ဒရာမာ ပြသမယ့်ရက်နဲ့ ရိုက်ကူးမှုတွေ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

-m2t
Ref: Allkpop

You cannot copy content of this page