K pop

■ V ဟာ တောင်းဆိုမှုအများဆုံး Actor တစ်ဦးလို့ ကိုရီးယားမီဒီယာတွေဖော်ပြ

— BTS အဖွဲ့ဝင် V ဟာ လက်ရှိအချိန် တောင်ကိုရီးယားမှာ K Drama ပရိသတ်တွေနဲ့ ကုမ္ပဏီတွေရဲ့ တောင်းဆိုမှုအများဆုံး Actor တစ်ဦးဖြစ်တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ARMY တွေသိတဲ့အတိုင်း BTS အဖွဲ့ဝင် Actor အဖြစ် 2016 ခုနှစ်က ‘Hwarang; The Poet Warrior Youth.’ ဒရာမာမှာ သရုပ်ဆောင်လုပ်ဖူးသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရခဲ့ သူ ဖြစ်ပါတယ်။

ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ Starnews က လက်ရှိအချိန် BTS အဖွဲ့ဝင် V အနေနဲ့ သရုပ်ဆောင် လောကထဲကို ပြန်လာဖို့ တောင်းဆိုမှုအများဆုံး Idol တစ်ဦးဖြစ်သလို များစွာသော ကိုရီးယားဒရာမာ ကုမ္ပဏီတွေရဲ့ မျက်စိကျခြင်းနဲ့ ကမ်းလှမ်းမှုတွေကိုရရှိထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန် ကိုရီးယားဒရာမာလောကမှာ ကြေးအမြင့်ဆုံးက မင်းသား ချော Kim Soo Hyun ဖြစ်ပြီး ဒရာမာတစ်ပိုင်းကို ဝမ်သန်း 500 ရရှိသူဖြစ်ပါတယ်။ Starnews ရဲ့ဖော်ပြချက်အရ များစွာသော ကိုရီးယားဒရာမာကုမ္ပဏီတွေဟာ V ကို Kim Soo Hyun ရဲ့ သရုပ်ကြေးအထိ ကမ်းလှမ်းမှုနဲ့ တောင်း ဆိုမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် ကိုရီးယား လူမှုကွန်ရက်မှာ V ရဲ့ အကြောင်းအရာဟာ ပျံ့နှံ့သွားခဲ့ပြီး ARMY တွေက ‘Kim Taehyung’ ၊ ‘Actor Taehyung’ ဆိုပြီး Twitter မှာ Trend တဲ့ အထိ ရေပန်းစားခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page