K pop

■ Spotify မှာ ပထမဆုံး Korean Soloist အနေနဲ့ စံချိန်တစ်ခုတင်ခဲ့တဲ့ Jimin

—- Brand King Jimin အနေနဲ့ Spotify မှာ ပထမဆုံး Korean Soloist အနေနဲ့ စံချိန်တစ်ခုကို စိုက်ထူခဲ့ပြန်ပါပြီ။

Spotify မှာ Stream အများဆုံး Korean Solosit တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ BTS အဖွဲ့ဝင် Jimin ဟာ Stream သန်း 130 ပြည့်တဲ့ သီချင်း 3ပုဒ်ကို ပိုင်ဆိုင်တဲ့ ပထမဆုံး Korean Soloist အနေ နဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က သူ့ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Serendipity – Full-Length Edition ” ဟာ Spotify မှာ Stream သန်း 130 ပြည့်သွားခဲ့တာဖြစ်ပါတယ်။

အရင်က Jimin ရဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Lie,” နဲ့ “Filter.” တို့ဟာ Stream သန်း 130 ပြည့်ထားတာ ဖြစ်ပြီး စံချိန်အချို့တွေကိုလည်း တင်ထားတာပါ။ အခုအခါ “Serendipity – Full-Length Edition ” သီချင်းကပါ Stream သန်း 130 ပြည့်လာတာကြောင့် Jimin အနေနဲ့ Stream သန်း 130 ပြည့်တဲ့ သီချင်း 3ပုဒ်ကို ပိုင်ဆိုင်တဲ့ ပထမဆုံး Korean Soloist အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page