K pop

■ မေလထဲမှာ BTS သီချင်းအသစ်ထွက်မယ်လို့ သတင်းထွက်

— ARMY တွေကတော့ BTS အနေနဲ့ သီချင်းအသစ်ထွက်မယ်လို့ သတင်းထွက်တာနဲ့ ပျော်နေကြ…

ဧပြီလ 5 ရက်နေ့က ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ Sports DongA ရဲ့ဖော်ပြချက်အရ BTS အဖွဲ့ဟာ မေလထဲမှာ သီချင်းထွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

BTS အဖွဲ့ဟာ 2021 ခုနှစ် နှစ်ဝက်အတွင်းမှာ သီချင်းအသစ် ထွက်လာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့တာ ပါ။ လက်ရှိအချိန်မှာ BTS အဖွဲ့ဟာ များစွာသော ပရော့ဂျက်တွေနဲ့ အလုပ်ရှုပ်နေသလို တစ်ကိုယ် တော် Mixtape တွေထုတ်ဖို့ကိုလည်း အားစိုက်နေပါတယ်။

BTS အဖွဲ့ဝင်တွေဟာ သီချင်းအသစ်မထွက်ခင်မှာ Mixtape တွေကို ထုတ်ဖို့ အဆင်သင့်ဖြစ်နေသလို အထူးသဖြင့် အဖွဲ့ဝင် V ဟာ Mixtape ထုတ်ဖို့ စီစဉ်နေတာ ကြာနေပြီဖြစ်ပါတယ်။ BTS အဖွဲ့အနေနဲ့ မေလထဲမှာ သီချင်းအသစ်ထွက်မယ်လို့ သတင်းတွေကျယ်ပြန့်လာခဲ့ပြီးနောက် Big Hit Eentertainment ကလည်း အခလို တုံ့ပြန်ခဲ့ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ BTS အဖွဲ့ရဲ့ Comeback နဲ့ပတ်သက်ပြီး ထွက်မယ့်ရက်အတိအကျသတ်မှတ် ပြီးရင် အသေးစိတ်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်” လို့ Big Hit က ထုတ်ပြန်ခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page