K pop

■ YouTube သမိုင်းတစ်လျှောက် Like အများဆုံး တတိယ ဗီဒီယိုဖြစ်တဲ့ ‘Dynamite’

— Billboard Hot 100 မှာ သမိုင်းသစ်တွေရေးထိုးခဲ့သလို အောင်မြင်မှုမိုင်တိုင်တွေ အလီလီရရှိခဲ့တဲ့ BTS ရဲ့ ‘Dynamite’ MV ဟာ YouTube သမိုင်းတစ်လျှောက် Like အများဆုံး List မှာ တတိယနေရာ ရပ်တည်နေတယ်လို့ သိရပါတယ်။

သြဂုတ်လ 21 ရက်နေ့ 2020 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ BTS ရဲ့ ‘Dynamite’ MV ဟာ ဧပြီလ 4 ရက်နေ့ မှာ Like 26.57 သန်းကျော်သွားခဲ့ပြီး Top 30 Most Liked Videos on YouTube စာရင်းမှာ နံပါတ် (3)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

BTS ရဲ့ ‘Dynamite’ MV ဟာ Pinkfong Kids’ Songs & Stories ဖြစ်တဲ့ “Baby Shark Dance” (Like – 26.55 သန်း)ကိုကျော်ဖြတ်ကာ နံပါတ် 3 နေရာမှာရပ်တည်ခဲ့တာပါ။ ‘Dynamite’ MV ရဲ့ရှေ့မှာ Wiz Khalifa featuring Charlie Puth တို့ရဲ့ “See You Again” (33.40သန်း) နဲ့ Luis Fonsi featuring Daddy Yankee တို့ရဲ့ “Despacito” (43.48 သန်း)တို့က ရပ်တည်နေကြတာဖြစ် ပါတယ်။

‘Dynamite’ MV ဟာ YouTube သမိုင်းမှာ Views သန်း 100 အမြန်ဆုံးပြည့်တဲ့ ဗီဒီယိုအဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page