K pop

■ EXO-L တွေအတွက် စံပြနေထိုင်သူ၊ အကူအညီပေးသူ

Idol တွေဆိုတာ K-popper တွေအတွက် Cele တစ်ဦးထက်ပိုပါတယ်။ EXO အဖွဲ့ဝင် Kai ဟာ တစ်ခါ တုန်းက EXO-L တွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အကြံပေးခဲ့ပါတယ်။ အဆိုပါ Kai ရဲ့ အကြံပေးမှုတွေနဲ့ EXO-L တွေ ဘယ်လောက်တောင်ကြံခိုင်သွား ကြသလဲတော့ မပြောတတ်ပါဘူး။

2017ခုနှစ်တုန်းက Kai ဟာ Dazed မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ Kai က သူကိုယ် တိုင်ရုန်းကန်ခဲ့ရတဲ့ စိတ်ကျန်းမာရေးကိုဖွင့်ချခဲ့သလို EXO-L တွေအတွက်လည်း ကူညီပေးဖို့ အသင့် ဖြစ်ခဲ့တာပါ။ အင်တာဗျူးသူက Kai ရဲ့ မျက်နှာမှာအထီးကျန်မှုအရိပ်အချို့ကို မကြာခဏတွေ့ခဲ့တယ် လို့ မေးမြန်းမှုကနေ Kai က မေးခွန်းကို မရှောင်လွှဲဘဲ ဖြေခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်ဟာ တစ်ယောက်တည်းနေရတာကို နှစ်သက်သူပါ။ အရမ်းလည်းငိုခဲ့ရသလို သူငယ်ချင်း တွေလည်းအများကြီးမရှိဘူးပေါ့။ ပြောရမယ်ဆိုရင် စိတ်ဓါတ်ကျတဲ့ ဝေဒနာရရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အခိုက်အတန့်တွေမှာ ကျွန်တော် အိမ်မှာပဲနေပါတယ်။ ဒီခံစားမှုတွေကို လွတ်မြောက်ဖို့ လစ်လှူရှုဖို့တို့ ကျွန်တော်မစဉ်းစားပါဘူး။ မျက်ဝန်းထဲမှာ စိတ်ဓါတ်ကျဆင်းမှုကို မြင်ရတယ်ပေါ့။ ပြဿနာတွေတစ်ပုံ တစ်ပင်နဲ့အတူ ကျွန်တော် ငိုချပလိုက်ပါတယ်။ ပြီးတော့ ဒီလိုငိုတာ ရှက်စရာမဟုတ်ဘူးဆိုပြီး ခံစား ချက်ကို ခါထုတ်ပစ်လိုက်ပါတယ်”

-Kai

အဲဒီတုန်းက Kai ရဲ့ စကားကိုကြားတဲ့အခါမှာ အခက်အခဲတွေကြုံနေတဲ့ EXO-L တွေဟာ စိတ်သက် သာရာမှုတွေခံစားခဲ့ရတယ်လို့ သိရပြီး သူတို့တစ်ဦးတည်းမဟုတ်ဘူး… Kai လည်းဘေးနားမှာရှိတယ် ဆိုပြီး အားအင်တွေဖြစ်ခဲ့ကြပါတယ်။

2019 ခုနှစ် MBC Radio Star မှာလည်း Kai ဟာ သူ့ရဲ့ခံစားမှုတွေကို ဖွင့်ထုတ်ခဲ့ပြန်ပါတယ်။

“ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ညီအစ်ကိုတွေဟာ စိတ်ပိုင်းဆိုင်ရာကြံခိုင်မှု အလွန်သန်မာသူတွေဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်မှုတစ်စုံတစ်ရာမရှိပါဘူး။ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာကသာ ဆိုးနေတာလို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်ကိုကိုယ်အပြစ်တင်တာလည်း အကြိမ်ကြိမ်ပါပဲ။ နောင် တတွေလည်း တစ်ပုံကြီးပေါ့။ ဒါပေမဲ့ ကျွန်တော် အလုပ်ကြိုးစားပြီး ဒီအခက်အခဲတွေ ကျော်လွှားနိုင် ခဲ့ပါတယ်”

-Kai

သေချာပါတယ်။ Kai ဟာ အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ခဲ့သူဖြစ်ပြီး EXO-L တွေအတွက် စံပြအဖြစ်နေထိုင်သူ၊ အကူအညီပေးသူပါ။ လက်ရှိသူ့ရဲ့အောင်မြင်မှုက ဒီအခက်အခဲတွေကို ကျော် လွှားနိုင်တယ်ဆိုတာ မပြောပဲသိတဲ့ သက်သေမဟုတ်လား . . .

-m2t
Ref: Koreaboo

You cannot copy content of this page