K pop

■ BTS ရဲ့ Comeback သတင်းတွေနဲ့ ပတ်သက်ပြီး Big Hit Music တုံ့ပြန်

-ZAWGYI








Ref: Koreaboo


-ZAWGYI


– – – မကြာသေးခင် အချိန်တုန်းက BTS အဖွဲ့ Comeback လာတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်…

တလောတုန်းက BTS အဖွဲ့အနေနဲ့ အခုမေလအတွင်း Coemback ပြုလုပ်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့က Sports DongA က BTS အနေနဲ့ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း သီချင်းသစ် ထွက်ရှိနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ ဒါ့အပြင် အဖွဲ့ဝင်တစ်ဦးချင်းစီကလည်း Solo တွေနဲ့ အလုပ်ရှုပ်နေကြောင်းဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဒီသတင်းတွေနဲ့ ပတ်သက်ပြီး Big Hit Music က တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။ “အားလုံးစီစဉ်ပြီးသွားတဲ့အချိန်ကျရင် အနုပညာရှင်တွေရဲ့အစီအစဉ်တွေကို ချပြပါမယ်”လို့သာ Big Hit ဘက်က တုံ့ပြန်ခဲ့တာပါ။

အရင်အင်တာဗျူးအစီအစဉ်တွေတုန်းကတော့ BTS အဖွဲ့ဝင်တွေဟာ Comeback အတွက် လုပ်ဆာင်နေကြောင်း ဖွင့်ဟခဲ့ဖူးတာတွေ ရှိပါတယ်။

မတ်လအတွင်း ET Canada နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာလည်း အဖွဲ့လိုက်ရော၊ တစ်ဦးချင်းရော သီချင်းသစ်ထွက်ဖို့ ပြင်ဆင်နေကြောင်း၊ ARMY တွေအနေနဲ့ ဒီနှစ်မှာ များစွာမျှော်လင့်နိုင်ကြောင်း BTS အဖွဲ့ဝင်တွေကဖွင့်ဟခဲ့ပါတယ်။

ဒါကြောင့် BTS ရဲ့ Comeback ကို အမှန်တကယ် ခံစားရတော့မလားဆိုတာ ရင်ခုန်စရာလည်း ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်းမလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page