K pop

■ BLACKPINK Lightsticks တွေနဲ့ ဖြတ်ထိုးဉာဏ်ကောင်းခဲ့တဲ့ Lisa

– – -အဲဒီနောက် Lisa ဟာ BLACKPINK lightsticks နှစ်ချောင်းကို ကိုင်ဆောင်ခဲ့ပြီး……

BLACKPINK အဖွဲ့ဝင် Lisa ဟာ တရုတ်အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Youth With You မှာ Mentor အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တလောက ထုတ်လွှင့်ခဲ့တဲ့ အပိုင်း (၁၄) မှာတော့ ပြိုင်ပွဲဝင်တွေဟာ အဖွဲ့ A နဲ့ B ဆိုပြီး နှစ်ဖွဲ့ခွဲထားကာ တူညီတဲ့သီချင်းတစ်ပုဒ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြီးမှ Mentor တွေက အကြိုက်ဆုံးအသင်းနဲ့ ပြိုင်ပွဲဝင်တွေကိုရွေးချယ်ရတာပါ။

အဲဒီမှာ ပြိုင်ပွဲဝင် (၆၀) ယောက်ဟာ ပူးပေါင်းရိုက်တံတွေကို ထောင်ပြီး တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အားပေးခဲ့ကြတာပါ။ ဒီအပိုင်းမှာတော့ Lisa ဟာ ကိုဗစ်ကြောင့် တရုတ်နိုင်ငံကို သွားရောက်လို့ မရတဲ့အတွက် Video Call နဲ့ပဲ ပါဝင်ခဲ့ရတာပါ။

ပြိုင်ပွဲဝင်တွေက အဲဒီလို ပူဖောင်းရိုက်တံတွေကို ကိုင်ထားတာကိုမြင်ပြီးနောက် Lisa က “ဘာကြောင့် ကျွန်မမှာ တစ်ခုမှ မရှိရတာလဲ”လို့ ပြောဆိုခဲ့ပါတယ်။ Rap mentor ဖြစ်တဲ့ Will Pan ကတောင် Lisa ကို အဲဒီလို ရိုက်တံမျိုးတွေပေးဖို့ ရိုက်ကူးရေးကို (၂) ရက်လောက် ရွှေ့လိုက်သင့်တယ်လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။

အဲဒီနောက် Lisa ဟာ BLACKPINK lightsticks နှစ်ချောင်းကို ကိုင်ဆောင်ခဲ့ပြီး ပြုံးပြုံးပျော်ပျော် ရှိခဲ့ပါတယ်။ Lisa အနေနဲ့ အဲဒီလို BLACKPINK lightsticks တွေကို ကိုင်ဆောင်ပြီးချိန်မှာ ပြိုင်ပွဲဝင်တွေကလည်းကျေနပ်အားရခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်းမလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page