K pop

■ Song Hye Kyo ရဲ့ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေပြီဖြစ်တဲ့ EXO အဖွဲ့ဝင်

– – – နာမည်ကျော် ကိုရီးယားမီဂါစတား Song Hye Kyo နဲ့အတူ ပါဝင်မဲ့ EXO အဖွဲ့ဝင်ကတော့….

နာမည်ကျော် ကိုရီးယား မင်းသမီး Song Hye Kyo ဟာ We Are Breaking Up ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို SBS က ထုတ်လွှင့်သွားမှာဖြစ်ပြီး Song Hye Kyo နဲ့အတူ Jang Ki-Yong, Choi Hee-Seo နဲ့ Kim Joo-Hun တို့က ပါဝင်ဖို့ အတည်ပြုထားပြီးသားပါ။

အခုအခါမှာတော့ အဲဒီဇာတ်လမ်းတွဲမှာ EXO အဖွဲ့ဝင် Sehun ကလည်း ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ Star News ရဲ့ ဖော်ပြချက်အရ Sehun ဟာ အဲဒီဇာတ်လမ်းတွဲမှာ supporting role နေရာကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။

Sehun ဟာ Song Hye Kyo ဦးဆောင်တဲ့ Design Team ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါဟာ Sehun အတွက်တော့ ပထမဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

We Are Breaking Up ဇာတ်လမ်းတွဲကို Lee Gil Bok က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ထုတ်လွှင့်သွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်းမလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page