K pop

■ Bambi နဲ့ ပထမတစ်ပတ်အတွင်း ရောင်းအားစံချန်သစ် တင်နိုင်ခဲ့ပြန်တဲ့ Baekhyun

– – – Bambi နဲ့အတူ Baekhyun ဟာ နောက်ထပ် စံချိန်သစ်တင်နိုင်ခဲ့ပြန်ပြီး….

EXO အဖွဲ့ဝင် Baekhyun ဟာ သူ့ရဲ့ တတိယမြောက် Album Bambi ကို ပြီးခဲ့တဲ့ မတ်လ (၃၀) ရက်နေ့က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

Stock Pre-Order မှာလည်း စံချိန်တင်ခဲ့သလို အောင်မြင်မှုများစွာကိုလည်း ရယူထားနိုင်ခဲ့တာပါ။ အခုအခါမှာလည်း Hanteo Chart ရဲ့ ဖော်ပြချက်အရ Baekhyun ရဲ့ Bambi ဟာ ပထမ ရက်သတ္တပတ်အတွင်း ချပ်ရေ(၈၆၈,၈၄၀) အထိ ရောင်းချခဲ့ရပြီးပြီလို့ သိရပါတယ်။

ဒါကြောင့် Baekhyun ဟာ K-pop သမိုင်းတစ်လျှောက် ပထမတစ်ပတ်အတွင်း ချပ်ရေ (၈) သိန်းကျော်အထိ ရောင်းရတဲ့ ပထမဆုံး Solo အနုပညာရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့အပြင် Bambi ဟာ နိုင်ငံပေါင်းများစွာရဲ့ iTunes မှာလည်း နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Bambi Album ဟာ Baekhyun အနေနဲ့ စစ်မှုမထမ်းခင် ပရိသတ်တွေအတွက် လက်ဆောင်အဖြစ် ထုတ်ဝေခဲ့တဲ့Album လည်း ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်းမလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page