K pop

■ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ မင်္ဂလာပွဲ အစီအစဉ်ကို နီးစပ်သူ ထုတ်ဖော်

– – – K-pop လောကမှာ အားကျရတဲ့ စုံတွဲရဲ့ မင်္ဂလာသတင်းကို ကြားရတော့မလားဆိုတာ…..

Channel A ရဲ့ gossip show Rumor မှာ K-pop နယ်ပယ်အတွင်း အားကျရတဲ့ စုံတွဲဖြစ်တဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ မင်္ဂလာသတင်းကို ထည့်သွင်းဖော်ပြသွားခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ သတင်းထောက် Choi Jung Ah ဟာ Kim Woo Bin နဲ့ နီးစပ်သူတစ်ယောက် ဖွင့်ဟထားခဲ့တာကို ပြန်လည်ဖော်ပြခဲ့တာပါ။ နီးစပ်သူရဲ့ ဖွင့်ဟချက်အရ သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“သူတို့စုံတွဲရဲ့ နီးစပ်သူတွေထံကနေ ကြားရတာကတော့ သူတို့ဟာ ၂၀၂၀ အစား ၂၀၂၁ ခုနှစ်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်”လို့ သတင်းထောက် Choi Jung Ah က ပြောကြားခဲ့တာပါ။

Kim Woo Bin နဲ့ Shin Min Ah တို့ဟာ ၂၀၁၅ ခုနှစ်မှာ စတင်ချစ်ကြိုက်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၆) နှစ်ရှိလာခဲ့ပါပြီ။

ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကို ဒီနှစ်အတွင်း ကြားရတော့မလားဆိုတာ ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာပါပဲ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်းမလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page