– – -ဒီမင်းသားတွေသာ ကျောင်းဝတ်စုံ ဝတ်လိုက်ရင် မကြွေဘဲ မနေနိုင်ဘူးလို့….
Ong Seong Wu
Ong Seong Wu ဟာ JTBC က ထုတ်လွှင့်တဲ့ At Eighteen ဇာတ်လမ်းတွဲမှာ ကျောင်းသားဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ Ong Seong Wu ဟာ ကျောင်းဝတ်စုံနဲ့ အလွန်လိုက်ဖက်ခဲ့ပြီး ပျိုမေတွေအားလုံး ကြွေခဲ့ရပါတယ်။
Song Kang
Netflix က ထုတ်လွှင့်တဲ့ Love Alarm ဇာတ်လမ်းတွဲမှာ Song Kang ဟာလည်း ကျောင်းသားဇာတ်ရုပ်ကနေ ပါဝင်ခဲ့တာပါ။ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး နာမည်ကျော်လွန်းတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ခဲ့တဲ့ Song Kang ရဲ့ ဒီဇိုင်းကလည်း လုံးဝမိမိုက်လွန်းခဲ့တာပါ။
Choi Bomin
အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ Choi Bomin ကလည်း ကျောင်းသားဇာတ်ရုပ်နဲ့ လိုက်ဖက်သူဖြစ်ပြီး ကျောင်းယူနီဖောင်းနဲ့ဆိုရင် မကြွေဘဲ မနေနိုင်အောင်ဖြစ်သူပါ။
Block B’s P.O.
Hotel Del Luna ဇာတ်လမ်းတွဲက ပုံစံကြောင့် Block B အဖွဲ့ဝင် P.O.ဟာ ချီးကျူးခံခဲ့ရပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ P.O. ဟာ ကျောင်းဝတ်စုံနဲ့ အလွန်ကြည့်ကောင်းပြီး စမတ်ကျနေခဲ့တာပါ။
Yoo Seungho
Yoo Seungho ကလည်း ကျောင်းသားဇာတ်ရုပ်တော်တော်များများ ရိုက်ကူးဖူးပြီး အဲဒီမှာ ကျောင်းဝတ်စုံ ဝတ်ဆင်ထားရင် အလွန်ကြွေချင်စရာကောင်းသူ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *