K pop

■ ၂၀၂၁ မှာ BLACKPINK အဖွဲ့ ဘာတွေဆက်လုပ်သွားဖို့ ရှိသလဲ

-UNICODE

– – – BLACKPINK အဖွဲ့ရဲ့ အနာဂတ် လျှောက်လှမ်းနဲ့ ပတ်သက်ပြီး….

တလောက BLACKPINK အဖွဲ့ဟာ Bloomberg Quicktake နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအင်တာဗျူးထဲမှာ BLACKPINK ဟာ စိတ်ဝင်စားဖွယ် အကြောင်းအရာမျိုးစုံကို ဖွင့်ဟသွားခဲ့ပြီး “ရှေ့ဆက်ပြီး BLACKPINK အဖွဲ့ ဘာလုပ်သွားဖို့ ရှိသလဲ။ မင်းတို့ လုပ်ချင်တဲ့ အစီအစဉ်တွေရောရှိလား”လို့ အမေးခံခဲ့ရပါတယ်။

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး Rose’ က သူတို့အနေနဲ့ ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ “အသစ်အသစ်သော အရာတွေကို ချပြနိုင်ဖို့ ကျွန်မတို့ အမြဲကြိုးပမ်းနေပါတယ်။ ဂီတနဲ့ စတိုင်ပိုင်း နှစခုစလုံးမှာပေါ့”လို့ Rose’ က ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် အနာဂတ်မှာ သူမတို့အနေနဲ့ သင်ယူမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ရင့်ကျက်တဲ့ဂီတပုံစံကို ချပြချင်ကြောင်း Rose’ က ဆိုခဲ့ပါတယ်။ “တခြားလူတွေလိုပဲ ကျွန်မတို့က အမြဲတမ်း သင်ယူနေပါတယ်။ ကျွန်မတို့ရဲ့ ဂီတနဲ့ ဖျော်ဖြေမှုတွေကို ချပြချင်ပါတယ်”လို့ Rose’ က ဆိုခဲ့တာပါ။

ဒီနှစ်အတွင်း Selena Gomez, Cardi B, Lady Gaga တို့လို ကမ္ဘာကျော်တွေနဲ့ Collab တွဲလုပ်နိုင်ခဲ့တာ သူမတို့အတွက် ကံကောင်းခဲ့ကြောင်း၊ ရှေ့ဆက်ပြီးလည်း ပျော်ရွှင်စရာကောင်းတဲ့ Collab တွေကို ပြုလုပ်သွားနိုင်ဖို့ တံခါးဖွင့်ထားကြောင်း Rose’ က ထပ်လောင်း ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

 

You cannot copy content of this page