K pop

■ Solo Debut နဲ့ အားပေးမှုအများအပြားရရှိနေတဲ့ Red Velvet Wendy

— Red Velvet အဖွဲ့ဝင် Wendy ဟာ ဧပြီလ 5 ရက်နေ့က သူမရဲ့ ပထမဆုံး Solo Debut ဖြစ်တဲ့ Mini Album “ Like Water” ကို ထုတ်လွှင့်ခဲ့ပါတယ်။

စတင်ထုတ်လွှင့်ပြီးနောက်ပိုင်းမှာ Wendy ရဲ့ Title Song “ Like Water” ဟာ ကမ္ဘာအနှံ့က iTunes Chart တွေမှာ #1 ရပ်တည်ခဲ့ပါတယ်။ Australia, Mexico, Poland, Saudi Arabia, India, Cambodia နိုင်ငံတွေအပါအဝင် နိုင်ငံအနှံ့ 30 ရဲ့ iTunes Chart တွေမှာ #1 ရပ်တည်ခဲ့တာပါ။

ဒါကြောင့် Wendy အနေနဲ့ ကိုရီးယားဘာသာစကားသီချင်းနဲ့ iTunes Top Album Charts တွေမှာ အများဆုံးရပ်တည်နိုင်တဲ့ Korean Female Solo Artist တစ်ဦးဖြစ်ခဲ့သလို SM Entertainment Female Solo Artist တွေအနက် ပထမဆုံး Solo Artist တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် Wendy ရဲ့ Title Song “ Like Water” ဟာ ပြည်တွင်း Album Chart တွေဖြစ်တဲ့ Hanteo Chart နဲ့ Yes24 တို့အပါအဝင် အခြား Music Chart တွေမှာလည်း #1 ရပ်တည်ခဲ့တယ်လို့ သိရပါ တယ်။

Wendy ဟာ Red Velvet အဖွဲ့ဝင်တွေအနက် ပထမဆုံး Solo Debut လုပ်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းအပါအဝင် နိုင်ငံတကာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page