K pop

■ G-Dragon အပေါ်ထားတဲ့ Kwon Da-mi ရဲ့ မဆုံးနိုင်တဲ့ ချစ်ခြင်းတရားနဲ့ အားပေးမှု

— V.I.P တွေအနေနဲ့ G-Dragon နဲ့ Kwon Da-mi တို့ မောင်နှစ်မ နှစ်ဦးအကြား ဘယ်လောက်ထိ ချစ်ခင်သလဲဆိုတာ သိကြပါျတယ်။

အစ်မဖြစ်သူ Kwon Da-mi ဟာ လက်ရှိအချိန်မှာ အိမ်ထောင်ပြုသွားပြီဖြစ်သွားပေမယ့် မောင်ဖြစ်သူ G-Dragon ကို ချစ်ခင်နေဆဲ အားပေးနေဆဲဖြစ်ပါတယ်။ ဧပြီလ 5 ရက်နေ့က G-Dragon ရဲ့ ဖက်ရှင် မဂ္ဂဇင်း DAZED KOREA ပေါ်က Cover ဓါတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

Fashion King လို့ ပရိသတ်တွေက ဝိုင်းဝန်းညွှန်းဆိုကြတဲ့ G-Dragon အလန်းစားဖက်ရှင်နဲ့ စတိုင် တွေဟာ အမြဲတမ်းသစ်လွင်ထင်ပေါ်နေဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Cover ဓါတ်ပုံတွေဟာ BLACKPINK အဖွဲ့ဝင် Jennie နဲ့ Date နေတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ပထမဆုံး ထွက်ပေါ် လာတဲ့ G-Dragon ရဲ့ အနုပညာလှုပ်ရှားမှုလည်းဖြစ်ပါတယ်။

အဆိုပါ G-Dragon ရဲ့ Cover ဓါတ်ပုံတွေထွက်လာပြီး မကြာခင်မှာပဲ အစ်မဖြစ်သူ Kwon Da-mi ဟာ Instagram မှာ G-Dragon ရဲ့ ဓါတ်ပုံတွေကို Share ခဲ့သလို Caption မှာလည်း အခုလိုရေးသားသွား ခဲ့ပါတယ်။ Kwon Da-mi က “ မင်းက လုံးဝမိုက်နေတုန်းပဲ။ မင်းရဲ့ လက်ချောင်းလေးတွေကအစ အ မိုက်စားနေတာ။ ဆံပင်ပုံစံကိုလည်းချစ်တယ်။ ရောင်ဝါအပြည့်နဲ့…GD ကတော့ GD ပါပဲ” ဆိုပြီး မောင် ဖြစ်သူကို တင်စားခဲ့တာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page