K pop

■ Oricon’s Weekly Digital Singles Chart မှာ ပထမဆုံးအကြိမ် နံပါတ်တစ်နေရာ ရပ်တည်နိုင်ခဲ့တဲ့ BTS

– – – BTS ရဲ့ ဂျပန်သီချင်းဖြစ်တဲ့ Film Out ဟာ အောင်မြင်မှုတွေ…

ဧပြီလ (၂) ရက်နေ့က BTS အဖွဲ့ဟာ ဂျပန်သီချင်းဖြစ်တဲ့ Film Out ကို ထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းကို Jungkook က ပူးတွဲဖန်တီးထားတာဖြစ်ပြီး ဇွန်လအတွင်း ထုတ်ဝေမဲ့ ဂျပန် Album မှာ ပါဝင်သွားမဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဧပြီလ (၇) ရက်နေ့က Oricon ရဲ့ ဖော်ပြချက်အရ Film Out ဟာ မတ်လ (၂၉) ရက်နေ့ကနေ ဧပြီ (၄) ရက်နေ့အထိ Weekly Digital Singles Chart နံပါတ်တစ်နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒါဟာ BTS အနေနဲ့ Oricon’s Weekly Digital Singles Chart မှာ ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Film Out ဟာ Oricon’s daily digital singles chart မှာ (၄) ရက်ဆက်တိုက် နံပါတစ်နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

Oricon အပြင် တခြားနာမည်ကျော် ဂျပန် Music Streaming Sites တွေဖြစ်တဲ့ Line Music, AWA တို့မှာလည်း နံပါတစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဧပြီလ (၆) ရက်နေ့အထိ Film Out ဟာ ကမ္ဘာ့အနှံ့ နိုင်ငံပေါင်း(၉၉) နိုင်ငံရဲ့ iTunes Chart မှာ နံပါတစ်နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့် BTS ရဲ့ Film Out ဟာ အောင်မြင်မှုများစွာ ရယူနိုင်နေခဲ့တယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page