K pop

■ “Despacito” နဲ့ “Gangnam Style” တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်ခဲ့ပြန်တဲ့ “Dynamite”

—- BTS ဟာ “Dynamite” နဲ့ အသစ်သစ်သော သမိုင်းစံချိန်တွေ စိုက်ထူခဲ့ပြီး အခုအခါမှာလည်း ထပ်မံပြီးတော့…

BTS အဖွဲ့ဟာ “Dynamite” MV နဲ့ “Despacito” ၊ “Gangnam Style” တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ် ပြီး စံချိန်သစ်တွေ စိုက်ထူခဲ့ပြန်ပြီလို့ သိရပါတယ်။

ဧပြီလ 6 ရက်နေ့က BTS အဖွဲ့ရဲ့ “Dynamite” MV ဟာ Billboard Hot 100 မှာ နံပါတ် 30 ချိတ်ဆွဲ ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် BTS အဖွဲ့ရဲ့ “Dynamite” MV ဟာ Billboard Hot 100 မှာ 32 ပါတ် ပါဝင်ခဲ့သလို PSY ရဲ့ “Gangnam Style” နဲ့ တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အရင်က PSY ရဲ့ “Gangnam Style” ဟာ Billboard Hot 100 မှာ 31 ပါတ်ပါဝင်နိုင်တဲ့ အချိန်ကြာ ဆုံး Korean Artist ရဲ့ သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်ထားတာပါ။ အခုအခါ BTS အဖွဲ့ရဲ့ “Dynamite” MV က 32 ပါတ်နဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ “Dynamite” MV ဟာ 2020 ခုနှစ် သြဂုတ်လထဲက ထွက်ပြီးကတည်းက Billboard Hot 100 မှာ ချိတ်ဆွဲခဲ့ပြီး Top 50 အောက် မကျ ဆင်းခဲ့တဲ့ ပထဆုံး Korean Artist ရဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် “Dynamite” MV ဟာ Digital Song Sales chart မှာ 18 ပါတ်ဆက်တိုက် #1 မှာ ရပ်တည် ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ Luis Fonsi and Daddy Yankee တို့ရဲ့ “Despacito” ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ “Despacito” ဟာ Digital Song Sales chart မှာ 17 ပါတ်ဆက်တိုက် #1 နဲ့ စံချိန်တင်ထားတာပါ။

-m2t
Ref: Soompi

You cannot copy content of this page