K pop

■ Billboard K-pop 100 မှာ ပွဲကြမ်းခဲ့တဲ့ IU

— IU ရဲ့ LILAC Album ဟာ ဒီတစ်ပါတ် Billboard K-pop 100 Chart မှာ ပွဲကြမ်းသွားခဲ့ပါတယ်…

နာမည်ကျော် မင်းသမီးအဆိုတော် IU ဟာ မတ်လ 25 ရက်နေ့က သူမရဲ့ 5ခုမြောက် Studio Album ဖြစ်တဲ့ LILAC Album ကို ထုတ်လွှင့်ခဲ့တာ ပရိသတ်တွေအားလုံးသိပါတယ်။

အခုတစ်ပါတ် Billboard K-pop 100 Chart မှာ IU ရဲ့ LILAC Album ထဲက သီချင်းတွေဟာ Top 10 မှာ ပါဝင်နိုင်ခဲ့ပါတယ်။ Billboard K-pop 100 Chart ရဲ့ #1 နေရာမှာ Liala သီချင်းက ရပ်တည်ခဲ့သ လို #2နေရာမှာလည်း Celebrity သီချင်းက ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Billboard K-pop 100 Chart ရဲ့ Top 10 အတွင်းမှာ IU ရဲ့ IU ရဲ့ LILAC Album ထဲက သီချင်း (၇) ပုဒ်က ပါဝင်စိုးမိုးသွားခဲ့ပြီး ပွဲကြမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။

#3 မှာ Brave Girl အဖွဲ့ရဲ့ Rollin’ က ရပ်တည်ခဲ့သလို #7 မှာ BTS ရဲ့ Dynamite ၊ #8 မှာ BLACKPINK အဖွဲ့ဝင် Rose’ ရဲ့ On The Ground တို့ Top 10 မှာ စာရင်းမှာ ရပ်တည်နိုင်ခဲ့ပြီး ကျန်တဲ့ (၇)နေရာစလုံးကို IU ရဲ့ သီချင်းတွေက စိုးမိုးသွားခဲ့တာဖြစ်ပါတယ်။

-m2t
Ref: IU Intertaional Fanbase

You cannot copy content of this page