K pop

■ ပုခုံးဒဏ်ရာခွဲစိတ်ပြီးနောက် Suga လုံးဝမလုပ်နိုင်တဲ့အရာတစ်ခု

—- ပုခုံးဒဏ်ခွဲစိတ်ပြီးနောက် Suga အနေနဲ့ ကျန်းမာရေးအတွက် လုံးဝမလုပ်နိုင်တဲ့ အရာတစ်ခုက ဘာဖြစ်မလဲလို့ ထင်ပါသလဲ…

BTS အဖွဲ့ဝင် Suga ဟာ မကြာသေးခင်က အခြားအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ V ၊ J-Hope တို့နဲ့အတူ Vlive လွှင့်ခဲ့ပြီး ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ Suga ဟာ ARMY တွေကို စိုးရိမ်စေတဲ့ သူ့ရဲ့ ကျန်းမားရေးကို ပြောပြခဲ့ပါတယ်။

Suga က သူ့အနေနဲ့ ပုခုံးဒဏ်ရာခွဲစိတ်ကုသပြီးနောက် အားလုံးပြန်ကောင်းမွန်လာခဲ့ပေမယ့် ဒီတစ်ခု ကတော့ လက်ရှိအချိန် လုံးဝမလုပ်နိုင်သေးဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီတစ်ခုဟာလည်း သူ လုံးဝမမျှော် လင့်ထားတဲ့ အရာတစ်ခုလို့လည်း ပြောခဲ့ပါတယ်။

“ ကျွန်တော် ပုခုံးဒဏ်ရာခွဲစိတ်ပြီးတဲ့နောက်မှာ ကော်ဖီသောက်တာကို ကျွန်တော် ခဏလောက် ရပ် တန့်လိုက်ရပါတယ်။ ရက်သတ္တပါတ်လောက် စောင့်ပြီးပြန်သောက်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ကဖင်း ဓါတ်က ကျွန်တော့်ကို ဒုက္ခပေးခဲ့တာပါ။

နားပြီးတော့ ကော်ဖီကို စပြန်သောက်ကြည့်တဲ့အခါ ရင်တုန်ပန်တုန်တွေဖြစ်ကာ အော့အန်ချင်တဲ့ အထိ ဖြစ်ခဲ့တာပါ။ အဲဒီလိုမျိုး တစ်နေ့လုံး ကျွန်တော် ခံစားလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အချိန်အတောအတွင်းမှာ ကျွန်တော် ကဖင်းဓါတ်ပါတဲ့ အရာတွေကို ကျွန်တော် လုံးဝမသောက်မိ အောင် ရှောင်ကြဉ်နေရပါတယ်”

-Suga

-m2t
Ref: SBSstar

You cannot copy content of this page