K pop

■ Crash Landing On You စုံတွဲ Kim Jung Hyun နဲ့ Seo Ji Hye တို့ တွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အေဂျင်စီ ချက်ချင်း တုံ့ပြန်

– – -သူတို့နှစ်ယောက်ဟာ Crash Landing On You ဇာတ်လမ်းတွဲမှာ အတွဲမိမိ သရုပ်ဆောင်နိုင်ခဲ့ကြသလို…

ဇာတ်လမ်းတွဲ ပရိသတ်တွေအကြား ရေပန်းစားခဲ့တဲ့ Crash Landing On You ဇာတ်လမ်းတွဲထဲက မင်းသား Kim Jung Hyun နဲ့ မင်းသမီး Seo Ji Hye တို့ တွဲနေတယ်ဆိုတဲ့သတင်းတွေ ဧပြီလ (၈) ရက်နေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ Crash Landing On You ရိုက်ကူးရေးအလယ်လောက်မှာ တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေ ဖြစ်ပေါ်လာကာ ရိုက်ကူးရေးပြီးဆုံးချိန်မှာ တွဲခဲ့ကြတယ်လို့ Sports Chosun က ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် Dinner Mate ဇာတ်လမ်းတွဲမှာလည်း Soe Ji Hye ကို အားပေးတဲ့အနေနဲ့ Kim Jung Hyun က Cameo အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

နီးစပ်သူတွေရဲ့ အဆိုအရ Kim Jung Hyun ဟာ Seo Ji Hye ရဲ့ မိန်းမပိသမှုနဲ့ ဉာဏ်အမြော်အမြင်ရှိမှုတို့ကို သဘောကျခဲ့တာဖြစ်ပြီး Seo Ji Hye ကတော့ Kim Jung Hyun ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီသတင်းတွေ ထွက်ပေါ်လာပြီး (၁၈) မိနစ်အကြာမှာပဲ Seo Ji Hye ရဲ့ အေဂျင်စီCulture Depot က အဆိုပါသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

“သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ မမှန်ပါဘူး။ ဒီအခြေအနေက သက်ဆိုင်ရာအေဂျင်စီ နှစ်ဖက်စလုံးနဲ့ Seo Ji Hye ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်”လို့ Culture Depot က ထုတ်ပြန်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကတော့ ဘာမှ ထုတ်ပြောထားတာမျိုး မရှိသေးပါဘူး။

You cannot copy content of this page