K pop

■ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့တဲ့ BIGBANG အဖွဲ့ဝင်

– – – Daesung အနေနဲ့ အခုလို မြန်မာပြည်သူပြည်သားတွေနဲ့ တစ်သားတည်းရှိနေတာ…

မြန်မာပြည်ဟာ အမှောင်ထုထဲမှာ ဖြတ်သန်းနေရတာ အခုဆိုရ်င (၆) လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အမှောင်ထုထဲကို ကျရောက်ခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစလို့ မြန်မာပြည်သူပြည်သားတွေဟာ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတာပါ။ နိုင်ငံတကာက သိအောင်လို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာ့အရေးကို နိုင်ငံတကာက စိတ်ဝင်စားလာခဲ့ကြပြီး ကမ္ဘာကျော်အနုပညာရှင်တွေကလည်း မြန်မာပြည်သူပြည်သားတွေနဲ့ တစ်ထပ်တည်းရှိကြောင်း ပြသခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။

အခုအခါမှာ နာမည်ကျော် K-pop အဖွဲ့ BIGBANG အဖွဲ့ဝင် Daesung က မြန်မာပြည်သူပြည်သားတွေနဲ့ တစ်ထပ်တည်းရှိကြောင်း ပြသခဲ့ပါတယ်။ Daesung ဟာ D’splay အမည်နဲ့ ဖွင့်လှစ်ထားတဲ့ You Tube Channel မှာ ဗီဒီယိုအသစ်တစ်ခု တင်ခဲ့ပါတယ်။

အဲဒီဗီဒီယိုအောက်မှာ မြန်မာပရိသတ်တစ်ဦးက သူဟာ မြန်မာပြည်က ပရိသတ်ဖြစ်ကြောင်း၊ မြန်မာပြည်မှာ Daesung ရဲ့ ပရိသတ်တွေများစွာရှိကြောင်း၊ မြန်မာပြည်အတွက် ဆုတောင်းပေးဖို့ မှတ်ချက်ပြုခဲ့တာပါ။

ဒီ မှတ်ချက်ကို မြင်တွေ့ပြီးနောက်မှာ Daesung က I Pray For Myanmar လို့ Reply ပြန်ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့တာပါ။ Daesung ရဲ့ တုံ့ပြန်မှုကို မြန်မာပရိသတ်တွေက သဘောကျနေခဲ့ကြပြီး တခြားနိုင်ငံတကာ ပရိသတ်တွေကလည်း မြန်မာနဲ့အတူရှိကြောင်း ပြသခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page