K pop

■ Kim Jung Hyun နဲ့ Seo Ji Hye တို့တွဲနေတာ (၁) နှစ်ခန့် ရှိပြီဖြစ်ကြောင် Dispatch က ခိုင်ခိုင်မာမာ ဖော်ပြခဲ့ပေမဲ့ Culture Depot က ထပ်မံ ငြင်းဆို

– – – Kim Jung Hyun ဟာ ၂၀၂၀ ခုနှစ်အတွင်း Seo Ji Hye နေထိုင်ရာ Seongdong-gu ကို ပြောင်းရွှေ့ခဲ့ကြောင်း……

ဒီနေ့မနက်အစောပိုင်းမှာ Crash Landing On You စုံတွဲ Kim Jung Hyun နဲ့ Seo Ji Hye တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီသတင်းတွေ ထွက်ပေးလာအပြီး ချက်ချင်းမှာပဲ Seo Ji Hye ရဲ့ အေဂျင်စီ Culture Depot ဟာ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ နာမည်ကျော် သတင်းဌာန Dispatch က Kim Jung Hyun နဲ့ Seo Ji Hye တို့ တွဲနေတာ (၁) နှစ်ခန့်ရှိပြီဖြစ်ကြောင်း အချက်အလက်တွေနဲ့ ခိုင်ခိုင်မာမာ ဖော်ပြခဲ့ပါတယ်။

Kim Jung Hyun နဲ့ Seo Ji Hye တို့ဟာ Crash Landing On You ဇာတ်လမ်းတွဲပြီးချိန်ကတည်း တွဲနေတာ (၁) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ သူတို့ဟာ သက်ဆိုင်ရာ အိမ်အသီးသီးမှာ ချိန်းတွေ့ကြကြောင်း၊ Kim Jung Hyun ဟာ ၂၀၂၀ ခုနှစ်အတွင်း Seo Ji Hye နေထိုင်ရာ Seongdong-gu ကို ပြောင်းရွှေ့ခဲ့ကြောင်း၊ သူတို့နှစ်ယောက်ရဲ့ အိမ်ဟာ (၁၀) မိခန့်သာ သွားရကြောင်း Dispatch က ဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် မျက်မြင်သက်သေတွေ၊ အသိအကျွမ်းတွေရဲ့ နှုတ်ထွက်စကားကိုလည်း Dispatch က ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက် မကြာခဏ ချိန်းတွေ့ကြတယ်လို့ အသိအကွမ်းတစ်ဦးက ဆိုခဲ့သလို Kim Jung Hyun ဟာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ကြောင်း၊ အဲဒီတုန်းက Seo Ji Hye နဲ့ တွေ့ဆုံကာ သူမကို အားကိုးခဲ့ရကြောင်း နောက်တစ်ဦးကလည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီသတင်းတွေကို Culture Depot က ထပ်မံငြင်းဆိုခဲ့ပါတယ်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေပါ။ Seongdong-gu မှာလည်း အနုပညာရှင်တွေ အများကြီး နေကြပါတယ်။ သူတို့ဟာ အိမ်ချင်းနီးတဲ့အတွက်တစ်ယောက်အိမ်မှာ တစ်ယောက် တွေ့လေ့ရှိပါတယ်။ အပြင်မှာတွေ့ရင် COVID-19 အန္တရာယ်နဲ့မို့ အိမ်ထဲမှာ တွေ့တာက ပိုစိတ်ချရတယ်လို့ သူတို့နှစ်ယောက် တွေးခဲ့ပါတယ်”လို့ Culture Depot က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Kim Jung Hyun ဟာ Seo Ji Hye ရဲ့အေဂျင်စီကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

Ref: Koreaboo

You cannot copy content of this page