K pop

■ EXO မွေးဖွားခြင်း နှစ်ပတ်လည်နေ့မှာ အစဉ်အလာမပျက်တဲ့ Chanyeol အတွက် နုတ်ဆက်ခြင်း

—- ဒီနေ့ ဧပြီလ 8 ရက်နေ့ဟာ EXO မွေးဖွားခြင်းနှစ်ပတ်လည်ပါ။ တိတိကျကျပြောရင် EXO-L တွေရဲ့ အချစ်ခံ EXO အဖွဲ့ရဲ့ Debut 9 နှစ်ပြည့် နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။

ဒီနေ့လို နေ့ကောင်းရက်မြတ်မှာ EXO အဖွဲ့ဟာ ပရိသတ်တွေအတွက် Comeback အတွက် Spoiler လည်း ပေးခဲ့ပါတယ်။ EXO အဖွဲ့ဟာ မကြာခင် Concept အသစ်နဲ့ ပြန်လည်မယ်လို့ ကြေညာလိုက် တာလည်းဖြစ်ပါတယ်။

နောက်ပြီး ဒီနေ့မှာပဲ Lysn App မှာ EXO အဖွဲ့ဟာ ပုံတစ်ပုံနဲ့ Update လုပ်ခဲ့ပါတယ်။ အဲဒါကတော့ စစ်မှုထမ်းသူ အဖွဲ့ဝင်ကို အစဉ်အလာမပျက်ပြုလုပ်ပေးတဲ့ အဖွဲ့ဝင်တွေရဲ့ အပြုအမူတစ်ခုပဲဖြစ်ပါ တယ်။

မတ်လ 29 ရက်နေ့က EXO အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Chanyeol ဟာ စစ်မှုတာဝန်ကို စတင်ထမ်း ဆောင်ခဲ့တာအားလုံးသိပါတယ်။ ဒါပေမဲ့ ဒီနေ့မှ EXO အဖွဲ့ဝင်က ဓါတ်ပုံတင်ခဲ့တာပါ။ စစ်ကေနဲ့ Chanyeol ရဲ့ခေါင်းကို ကျန် EXO အဖွဲ့ဝင်တွေအားလုံးက လက်နဲ့ကိုင်ပြီး နှုတ်ဆက်ကြတာပဲ ဖြစ်ပါတယ်။

EXO အဖွဲ့ဝင်တွေအားလုံးဟာ Xiumin စတင် စစ်မှုတာဝန်ထမ်းဆောင်ကတည်းက အဲဒီအစဉ်အလာ လေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး EXO-L တွေအတွက် သဘောကျဆုံး အပြုအမူလေးတစ်ခုလည်းဖြစ်ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page