K pop
■ သရဲတော့ကြောက်ပေမဲ့ သရဲကားကြည့်ရတာကြိုက်တဲ့ BLACKPINK အဖွဲ့ဝင်
-UNICODE
– – -ရှိတယ်..ရှိတယ်။ သရဲကြောက်ပြီး သရဲကားတော့ကြိုက်တဲ့ ဘော်ဒါတွေလည်း အများကြီးရှိပါတယ်။ BLACKPINK အဖွဲ့ထဲမှာတော့…
တလောကတုန်းက The Swoon You Tube Channel ရဲ့ အင်တာဗျူးမှာ BLACKPINK အဖွဲ့ဝင် Lisa ဟာ တစ်ထိုင်တည်းနဲ့ စီးရီးအပိုင်းများစွာ ကြည့်နိုင်တဲ့အကြောင်း ပရိသတ်တွေ သိမြင်ခဲ့ရပြီးပါပြီ။
BLACKPINK ရဲ့ 24/365 အပိုင်း (၁၁) မှာလည်း အဖွဲ့ဝင်တွေက Lisa နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်တစ်ချက်ကို ဖွင့်ဟခဲ့ပြန်ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။
သရဲကြောက်ပေမဲ့ သရဲကားတော့ကြိုက်တဲ့ Lisa ရဲ့အကြောင်းပါ။ ပထမဆုံး Jisoo က “Lisa က သရဲတော့ကြောက်ပေမဲ့ သရဲကားတော့ ကြည့်ရတာ ကြိုက်တယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါကို Lisa က “ကျွန်မက သရဲကားနဲ့ သရဲဇာတ်လမ်းတွဲတွေ ကြိုက်တယ်”လို့ ဆိုခဲ့ပါတယ်။
Rose’ ကလည်း “‘ဒါတော့ဟုတ်တယ်။ သရဲကားတွေကြည့်ရင် Lisa က အကြောက်တတ်ဆုံး။ ဒါပေမဲ့ သူမက သရဲကားတွေတော့ အမြဲကြိုက်တယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
အဲဒီနောက် Jisoo ကလည်း သရဲကားကြည့်တဲ့အခါ Lisa ဖြစ်ပုံက သရုပ်ဆောင်ပြခဲ့ရာမှာတော့ အားလုံးပွဲကျခဲ့ရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-UNICODE
Ref: Koreaboo
You cannot copy content of this page