K pop

■ YouTube Views သန်း 900 ပြည့်တဲ့ (၄)ခုမြောက် MV ကို ပိုင်ဆိုင်ခဲ့တဲ့ BTS

— BTS အဖွဲ့ဟာ YouTube မှာ နောက်ထပ်မိုင်တိုင်တစ်ခုကို စိုက်ထူခဲ့….

BTS အဖွဲ့ဟာ YouTube Views သန်း 900 ပြည့်တဲ့ (4)ခုမြောက် MV ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလို့ သိရပါ တယ်။ အဆိုပါ သီချင်းကတော့ Fake Love ဖြစ်ပါတယ်။

Fake Love MV ဟာ ဧပြီလ 8 ရက် 10:39PM မှာ YouTube Views သန်း 900 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ Fake Love MV ဟာ 2018ခုနှစ် မေလ 18 ရက်နေ့ ကိုရီးယားစံ တော်ချိန် 6PM မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် YouTube Views သန်း 900 ပြည့်ဖို့ 2 နှစ် ၊ 10 လ ၊ 20 ရက် နဲ့ 17 နာရီကြာမြင့်ခဲ့ပါတယ်။ နောက်ပြီး BTS အဖွဲ့ဟာ “DNA,” ၊ “Boy With Luv,” နဲ့ “Dynamite.” စတဲ့ YouTube Views သန်း 900 ပြည့်မိုင်တိုင်ရောက်ရှိထားတဲ့ MV တွေကို ပိုင်ဆိုင်ထားခဲ့ပြီး အခုအခါ Fake Love ဟာ သူတို့ (4) ခုမြောက် MV တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page